Apps, Review

Android Phone တွေမှာ သီချင်းအတူတူ နားထောင်မယ်

Samsung ဖုန်း အတော်များများမှာ Group Play ဆိုတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Group Play ပါတဲ့ ဖုန်းတွေက အချင်းချင်း ချိတ်ဆက်နိုင်ပြီး သီချင်းတွေကို ဖုန်းအားလုံးမှာ တစ်ပြိုင်နက် အတူတူ နားထောင်လို့ရတာဖြစ်ပါတယ်။ Samsung ဖုန်း မကိုင်တဲ့သူတွေအတွက် Group Play လို စွမ်းဆောင်ပေးနိုင်တဲ့ Chorus ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။

Chorus ကို ဖုန်းအားလုံးမှာ အင်စတောလုပ်ပြီးရင် တူညီတဲ့ WiFi Network တစ်ခုကို အသုံးပြုပြီး ဖုန်းတွေကိုချိတ်ဆက်နိုင်သလို Host Device ကနေ WiFi Hotspot အနေနဲ့ WiFi ပြန်လွှင့်ပြီးလည်း ဖုန်းတွေကို ချိတ်ဆက်နိုင်ပါတယ်။ Host Device ဆိုတာက သီချင်းတွေကို ဖွင့်ပေးမယ့်ဖုန်း ဖြစ်ပါတယ်။ အဲဒီအတွက် သီချင်းများစွာရှိတဲ့ဖုန်းကို Host Device အဖြစ် အသုံးပြုသင့်ပါတယ်။ ချိတ်ဆက်မိပြီဆိုတာနဲ့ သီချင်းတွေကို ဖုန်းအားလုံးမှာ တစ်ပြိုင်နက် နားထောင်နိုင်ပါပြီ။ တစ်နည်းအားဖြင့် သီချင်းတွေကို ဖုန်းအားလုံးမှာ Sync လုပ်ပေးတာဖြစ်ပါတယ်။

သီချင်းတွေကို Auto Sync လုပ်ပေးနိုင်သလို Manual လည်း Sync လုပ်နိုင်ပါတယ်။ Router ဒါမှမဟုတ် ဖုန်းရဲ့ Hotspot က ခွင့်ပြုသလောက် ဖုန်းအများအပြား ချိတ်ဆက်နိုင်ပါတယ်။

Chorus ကို Android 2.3.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အရွယ်အစားက (2) MB သာ ရှိပါတယ်။ Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.avrapps.chorus

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *