News

Lenovo ရဲ့ Tablets အသစ်တွေ

Lenovo က  Yoga Tablets တွေကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ Tablets တွေရဲ့ထူးခြားချက်က Stand တွဲလျက်တပ်ဆင်ထားတာဖြစ်ပါတယ်။ Hollywood နာမည်ကြီးမင်းသား Ashton Kutcher ကို Lenovo ကငှားရမ်းပြီးသူ့ Tablet တွေကိုပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

Tablet ကို Mode သုံးမျိုးနဲ့သုံးနိုင်ပြီး လက်နဲ့ကိုင်ပြီးသုံးနိုင်တဲ့ Hold Mode , ရေပြင်ညီမျက်နှာပြင်မှာ လှဲပြီးသုံးနိုင်တဲ့ Tilt Mode, ဒေါင်လိုက်ထောင်ပြီးသုံးနိုင်တဲ့ Stand Mode တို့ဖြစ်ပါတယ်။

Tablet ရဲ့ အောက်ခြေက ဒေါက် တန်းကိုလုံး၀န်းတဲ့ပုံပြုလုပ်ထားပြီး လိုသလိုအနေအထားတဲ့အသုံးပြုနိုင်ပါတယ်။ (၁၈) နာရီအသုံးခံတဲ့ Battery လည်းပါရှိပါတယ်။ Android 4.2.2 ကိုအသုံးပြုထားပြီး 1.2GHz MTK quad-core processor , 1GB RAM ပါရှိပါမယ်။ 16GB Storage ပါရှိပြီး micro SD card slot လည်းပါရှိပါမယ်။ အနောက်ဘက်က ကင်မရာက 5MP ဖြစ်ပြီး မျက်နှာချင်းဆိုင် အရှေ့  ဘက်မှာတော့ 1.6MP ကင်မရာ တပ်ဆင်ထားပြီး Video Call အသုံးပြုနိုင်ပါတယ်။ Resolution ကတော့ 1280×800 ဖြစ်ပါတယ်။

၈ လက်မ နဲ့ ၁၀ လက်မ နှစ်မျိုးထုတ်လုပ်ထားပြီး  €229 , €299 အသီးသီး သတ်မှတ်ထားပါတယ်။ နို၀င်ဘာလမှာ ဥရောပ မှာစတင်ရောင်းချမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *