News

ပုသိမ်-ရန်ကုန် သင်္ဘောခရီး စဉ်ရက်အကန့် အသတ်မရှိရပ်ဆိုင်း

ခရီးသည်နှင့်ကုန်စည်ရရှိ မှုလျော့နည်းလာ၍ စက်တင်ဘာလကတည်းက ရပ်နားထားရသော ပုသိမ်-ရန်ကုန် သင်္ဘောခရီးစဉ် များကိုယနေ့ အချိန်အထိ ပြန်လည်ပြေးဆွဲခြင်း မရှိပဲရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်းဧရာ၀တီတိုင်းဒေသကြီး ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှမန်နေဂျာ ဦး၀င်းတင့် က ပြောကြားသည်။ ယခင်ကတစ်ပတ်လျှင် ၅ရက်ခန့် ပြေးဆွဲနေရာမှ ၂၀၁၃ ခုနှစ်ဧပြီလမှစတင်၍ တစ်ပတ်လျှင် ၂ရက်သာပြေးဆွဲတော့သည့် ပုသိမ်-ရန်ကုန် သင်္ဘော များမှာ ခရီးသည်နှင့် ကုန်စည်တင်ဆောင်ရမှုနည်းလာသဖြင့် စက်တင်ဘာ ၁၆ရက်နေ့မှ စတင်၍ခရီးစဉ်များ ယာယီရပ်နားထားရာမှ ဆက်လက်၍ အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

“ဆန်စက်ကနေ သင်္ဘောဆိပ်၊ သင်္ဘောဆိပ်ကနေ ဘုရင့်နောင် (ရန်ကုန်) ဆိုတော့ကြားထဲမှာသယ်ယူပို့ဆောင်ခ အဆင့်ဆင့်ကုန်တယ်။ ဒါကြောင့်ကားနဲ့ပဲတင်ဖြစ်တယ်” ဟု ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။
လက်ရှိတွင် ခရီးသည်နှင့် ကုန်စည်ရရှိရန် ညှိနှိုင်းဆောင်ရွက်နေခြင်းကြောင့် ပြန်လည်ပြေးဆွဲမည့်ရက်ကို ကြေညာမည်ဖြစ်ကြောင်း မန်နေဂျာ ဦးဝင်းတင့်ကဆိုသည်။

ပုသိမ်မြို့မှ ငါးသိုင်းချောင်း၊ သာပေါင်း၊ လပ္ပတ္တာ မြို့များသို့ ပြေးဆွဲနေသည့် သင်္ဘောခရီစဉ်များမှာလည်း ၂၀၁၂ ခုနှစ်၊ မေလ ၂၅ရက်နေ့မှ စတင်ရပ်နားထားကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးထံမှ သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *