News

အသက်ရှည်စေ ဖို့ လက်ဖက်စိမ်းရည် တစ်ခွက်သောက်ကြစို့

နေ့စဉ်လက်ဖက်စိမ်းရည် တစ်ခွက်ပုံမှန်သောက်သုံးခြင်းဟာ အသက်ရှည်ရှည်နေနိုင် စေမယ်လို့ လေ့လာမှုတစ်ခု မှာဖေါ်ထုတ်နိုင်ခဲ့ တယ်လို့သိရပါတယ်။ဒါဟာ လက်ဖက်စိမ်းရည်ကရတဲ့ ဓါတ်ပေါင်းတွေဟာ ရောဂါများကို ကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်ပါးတာ ကြောင့်ပဲ ဖြစ်တယ်လို့ဆိုပါတယ်။

ဗြိတိသျှ နေ့စဉ်စားအာဟာရ ဖေါင်းဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ လက်ဖက်စိမ်းရည်ဟာ သဘာ၀အတိုင်း အရည်ဓါတ်ပြည့်တဲ့ အာဟာရတစ်မျိုး ဖြစ်ပြီး ဓါတ်တိုးဆန့်ကျင် ပစ္စည်းအကြွယ်၀ဆုံးအာဟာရ တစ်မျိုးဖြစ်တယ် လို့သိရပါတယ်။လက်ဖက်ရည်ရဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်ကိုအထူးပြု လေ့လာနေတဲ့ Dr.Tim Bond m Flavonoids ပါ၀င်မှုဟာ လက်ဖက်ရည်ကို နာမကျန်း မှုတွေကနေကာကွယ်ပေးစေ နိုင်တဲ့သောက်စရာ ဖြစ်လာစေခဲ့ကြောင်း ပြောကြားထားပါတယ်။

လက်ဖက်ရည်ဆိုရာ မှာလက်ဖက်စိမ်းရည်ဟာ ကိုယ်ခန္ဓာရဲ့ ဇီ၀ဖြစ်ပျက်မှု ဖြစ်စဉ်များကို မြှင့်တင် ပေးနိုင်ပြီး အဆီဓါတ်ကို အူကနေစုပ်ယူခြင်းကို တားဆီးပေးပါတယ်။ဒါအပြင် ဖလူအိုရိုက် ပါ၀င်တဲ့အတွက် လည်းလက်ဖက်စိမ်းရည်သောက်ရင် သွားဖုံးရေစီးကမ်းပြို လိုက်ခြင်းကို ကာကွယ်ပေးပြီး အရိုးတွေကို သန်မာစေတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပဲ နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပြီးဆီးကျိတ် ကင်ဆာနဲ့ ခံတွင်းကင်ဆာကိုလည်း ဖြစ်ပွားမှုနှုန်းလျော့ကျ စေတယ်လို့ သိရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *