News

MUTVကို မြန်မာနိုင်ငံနှင့် နော်ေ၀နိုင်ငံ တို့တွင် စတင် ရုပ်သံ ထုတ်လွှင့်ခြင်း နှင့် အိုက်စလန် နိုင်ငံတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ခြင်း

MUTV Channel

မြန်မာနိုင်ငံတွင် အခပေး ရုပ်သံလိုင်းအဖြစ် တွင်တွင်ကျယ်ကျယ် ကြည့်ရှုနေကြသော SkyNetရုပ်သံလိုင်းမှ ကဏ္႑ပေါင်းစုံကို တင်ဆက်လျက် ရှိရာတွင် ယခုအခါ MUTVနှင့် ပူးပေါင်း၍ ရုပ်သံလွှင့် အစီအစဉ်များကို အောက်ပါအတိုင်း ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ MUTVသည် ကမ္ဘာတစ်၀န်းရှိ ဒေသကြီး ၅၆ခုတွင် ရုပ်သံလွှင့်နေပြီ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ အသံလွှင့် လုပ်ဖော်ကိုင်ဖက်ဌာန ၂၂ခု ရှိလာပြီ ဖြစ်သည်။ (NYSE: MANU) မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းသည် ယင်း၏ အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဖလားကြီး ရရှိခဲ့ပြီး၊ ယင်း၏ MUTV ရုပ်သံလိုင်းက တိုးချဲ့မည့် အစီအစဉ်ကို ဇွန်လ ၂၄ရက်နေ့တွင် ကြေညာလိုက်သည်။

ယင်းသို့ ထုတ်လွှင့်ရန် SkyNetနှင့် TV2 Norwayတို့ဖြင့် သဘောတူညီမှု ရယူပြီး MUTV၏ အစီအစဉ်များကို မြန်မာနိုင်ငံနှင့် နော်ေ၀နိုင်ငံတို့ရှိ ပရိသတ်များကို ပထမဆုံးအကြိမ် ရုပ်သံလွှင့်သွားမည် ဖြစ်သလိုပင်၊ MUTV၏ အောင်မြင်သည့် လုပ်ဖော်ကိုင်ဖက်ဖြစ်နှင့်ပြီးသော အိုက်စလန် ရုပ်သံလွှင့်ဌာန 365 နှင့်လည်း တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်သည်။ ပြီးခဲ့သည့် ဘောလုံးရာသီ၏ ပထမ ၇လတာ ကာလအတွင်း မန်ချက်စတာယူနိုက်တက် ကစားပွဲတစ်ပွဲတည်းကို ကြည့်ရှုသူဦးရေ ၂၃သန်းမျှ ရှိခဲ့သဖြင့် MUTVသည် ဘောလုံးချစ် ပရိသတ်များရှိရာ မြန်မာနိုင်ငံတွင် လူကြိုက်များလာနိုင်သည်ဟု SkyNet ရုပ်သံလွှင့် လုပ်ငန်းက ယုံကြည်လျက် ရှိသည်။ ၂၀၁၀ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် MUTV အခပေး ရုပ်သံလွှင့် လုပ်ငန်းသည် HD လိုင်းငါးခုနှင့် in-house package လိုင်း ၂၀ အပါအ၀င် ရုပ်သံလိုင်း ၈၄ခုကို လွှင့်ထုတ်လျက် ရှိသည်။

ဘောလုံးပွဲများကို ဦးဆောင်ဦးရွက်ပြုကာ ရုပ်သံလွှင့်နေသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ လွှင့်ထုတ်လျက် ရှိသည့် ရုပ်သံများတွင် မိခင်ရုပ်သံဌာန၏ အားကစားလိုင်းငါးခု အပါအ၀င် ကဏ္႑မျိုးစုံ ပါ၀င်ပါသည်။မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းသည် နော်ေ၀နိုင်ငံတွင် ကာလကြာမြင့်စွာကပင် ပရိသတ်အားပေးမှုကို အခိုင်အမာ ရယူထားပြီး ဖြစ်သည်။ ထို့ကြောင့် နော်ေ၀နိုင်ငံ၏ အကြီးမားဆုံးနှင့် လူသိအများဆုံး ရုပ်သံဌာနများ အနက်တစ်ခုဖြစ်သော TV2 Norwayနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုသည် စကန်ဒီနေး ဗီးယား ဘောလုံးချစ်သူများ ကလပ်အသင်းအတွက် သတင်းကောင်း ဖြစ်ပါလိမ့်မည်။ ယင်းကလပ်အသင်းသည် ကမ္ဘာ့အခြားသော တရား၀င် ကလပ်အသင်းများထက် အဖွဲ့၀င်ဦးရေ များပြားသည့်အတွက် ဂုဏ်ယူမဆုံး ဖြစ်နေသည့် အသင်းတစ်သင်းလည်း ဖြစ်သည်။

365သည် အိုက်စလန်နိုင်ငံ၏ အကြီးမားဆုံးသော ပုဂ္ဂလိက မီဒီယာလုပ်ငန်းစုကြီးဖြစ်ကာရုပ်သံလွှင့်ဌာန ခြောက်ခု၊ ရေဒီယိုအသံလွှင့် ဌာနများ၊ အမျိုးသား သတင်းစာတစ်စောင်၊ မဂ္ဂဇင်းများနှင့် အွန်လိုင်းသတင်းဌာနကြီး တစ်ခုတို့ကိုပါ လုပ်ကိုင်လျက် ရှိသည်။ ယင်းကုမ္ပဏီသည် လက်ရှိကာလ၌ အိုက်စလန်နိုင်ငံ၏ အခပေး ရုပ်သံဈေးကွက်တွင် ၄၀ရာခိုင်နှုန်း ရရှိထားပြီး ဖြစ်သည်။ MUTV အစီအစဉ်များကို 365သည် ယင်း၏ လူကြိုက်များလှသည့် Stod 2 အားကစားလိုင်းမှ တစ်ဆင့် လွှင့်ထုတ်လျက်ရှိပြီး ဖြစ်ကာ ယင်း အစီအစဉ်များကို အခြားအခပေးလိုင်းများနှင့် တစ်ပါတည်း ၀ယ်ယူကာ ကြည့်ရှုနိုင်ပါသည်။ ယင်း၏ မန်ချက်စတာယူနိုက်တက်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မှုကြောင့် စကင်ဒီနေးဗီးယားဘောလုံး ချစ်သူများ အသင်း၀င် အိုက်စလန်နိုင်ငံသားများအတွက် MUTV ရုပ်သံများကို လာမည့် နှစ်နှစ်လုံး ဆက်လက်ကြည့်ရှုခွင့်ရကြမည် ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက်၏ ကော်မာရှယ်ဒါရိုက်တာ ရစ်ချတ်အာနိုးက“မန်ချက်စတာ ယူနိုက်တက်ဟာ ကမ်ဘာတစ်၀န်းက ကြည့်ရှုအားပေးသူ ဦးရေ ၆၅၉သန်းရှိနေပြီးဖြစ်တဲ့အတွက် စိတ်ချရတဲ့ အခြေအနေကောင်း တစ်ခုပါ။ ဒါ့ကြောင့် SkyNet၊ TV2နဲ့365တို့လိုမျိုး သဘောတူညီမှု ရယူလိုက်ခြင်းဟာ ကလပ်အသင်းကို ချစ်တဲ့ပရိသတ်တွေအတွက် ကျွန်တော်တို့နဲ့ ပိုနီးစပ်ခွင့်ရလိုက်တာပါပဲ။ ဒီလို သဘောတူညီမှု အသစ်တွေကြောင့် MUTVဟာ အခုဆိုရင် ဥရောပ၊ အာရှ၊ လက်တင်အမေရိကနဲ့ အာဖရိက အစရှိတဲ့ ကမ္ဘာတစ်၀န်းက ဒေသကြီး ၅၆ခုမှာ အကျိုးတူ နိုင်ငံတကာ အသံလွှင့်ဌာနပေါင်း ၂၂ခုရှိလာပြီဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်ခြင်းအားဖြင့် သန်းပေါင်းများစွာသော ပရိသတ်တွေဟာ MUTV ရုပ်သံ အစီအစဉ်တွေကို ကြည့်ရှုနိုင်ကြပြီ ဖြစ်ပါတယ်။“နစ်မြုပ်လုပ်ကိုင်ထားတဲ့ ရုပ်သံလွှင့် အစီအစဉ်တွေဟာ တစ်မူထူးခြားတဲ့ အစီအစဉ်တွေကိုတင်ဆက်ခဲ့ပြီး ဖြစ်သလို အကျိုးတူ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုးချဲ့လုပ်ကိုင်လာတဲ့ အစီအစဉ်တွေကြောင့်လည်း ဒီ့ထက်ပိုပြီး လုပ်ကိုင်လာနိုင်တော့မှာပါ။ SkyNet၊ TV2နဲ့ 365တို့လိုမျိုး နာမည်ကြီး မီဒီယာဌာနကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင်း အရေးပါတဲ့ ပရိသတ်ဆီကို MUTV အစီအစဉ်တွေ မဆိုင်းမတွ ရောက်တော့မယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့အသေအချာ ပြောနိုင်ပါပြီ။”ဟု သုံးသပ်ပြောဆိုခဲ့ပါသည်။

မန်ချက်စတာယူနိုက်တက်သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် အောင်မြင်မှု အရှိဆုံးအားကစား အသင်းများတွင် တစ်ခုအပါအ၀င်ဖြစ်ကာ ကမ္ဘာပေါ်တွင် ပရိသတ်အားအပေးဆုံးအားကစားများမှ တစ်ခုကို ကစားလျက် ရှိသည်။ နှစ်ပေါင်း ၁၃၅နှစ်တာ ဖြတ်သန်းခဲ့စဉ်အောင်မြင်မှု ၆၁ခု ရရှိခဲ့သဖြင့် ကမ္ဘာ့နာမည်ရ အားကစား အသင်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ကာ ကမ္ဘာတစ်လွှားရှိ အားပေးထောက်ခံသူပေါင်း ၆၅၉သန်း ရရှိခဲ့သည်။ ကျွန်ုပ်တို့၏ပရိသတ်ကြီးကြောင့်ပင် မန်ချက်စတာ ယူနိုက်တက်အသင်းကြီးသည် ပြိုင်ပွဲများ ကျင်းပခြင်း၊အရောင်းအ၀ယ်၊ ကုန်ပစ္စည်းလိုင်စင်ပြုလုပ်ခြင်း၊ မီဒီယာနှင့် မိုဘိုင်း၊ ရုပ်သံလွှင့်ခြင်း စသည့်ရင်းအမြစ်များမှ ၀င်ငွေများကို ရရှိနေခြင်း ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

3 thoughts on “MUTVကို မြန်မာနိုင်ငံနှင့် နော်ေ၀နိုင်ငံ တို့တွင် စတင် ရုပ်သံ ထုတ်လွှင့်ခြင်း နှင့် အိုက်စလန် နိုင်ငံတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ခြင်း

  1. Myo Thiha says:

    Sky Net နဲ့ Forever Co.,ltd (MRTV) တို့ အပြိုင်ကြဲလေ ပရိတ်သတ်တွေအတွက်အထူးအခွင့်အရေးတွေ ပိုကောင်းလာတယ်လို့ ထင်တယ်။သူလိုင်းနဲ့ သူကတော့ ကြိုက်တာတွေများတယ်လေ။ကျွန်တော်ကို ဘာရွေးချယ်မလဲပြောရင်တော့ Skynet ကိုပဲရွေးချယ်မှာပါ။PS……MRTV , Channel 7 က Presenter တစ်ချို့ ကို ကြည့်မရလို့ ။Minute to Minute နဲ့ အိမ်မက်ဆုံရာ ကိုတော့ အဆိုးဆုံး စာရင်းမှာထားတယ်။ 😛

  2. sithusoepaing says:

    man utd fansတွေတော့ပျော်ပြီပေါ့

  3. thwethweaye says:

    ကောင်းပါတယ်…အခုလိုမြန်မာပြည်မှာ Channel တွေများလာတော့ ပြည်သူတွေပိုပြီး အတွေးအခေါ် ဗဟုသုတများပြားလာတာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *