News

အမေရိကန်နိုင်ငံသား ၄၀ရာခိုင်နှုန်းကျော် Facebook နေ့စဉ်သုံး

အမေရိကန်နိုင်ငံသား Facebook အသုံးပြုသူဦးရေ ကိန်းဂဏန်းကို ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ဝက်ဘ်ဗားရှင်းဖြင့် ဆိုက်သို့ နေ့စဉ်ဝင်ရောက် အသုံးပြုသူမှ ၁၂၈သန်းကျော်ရှိပြီး အဆိုပါ အရေအတွက်သည် အမေရိကန်နိုင်ငံသား ဦးရေ၏ ၄၀ရာခိုင်နှုန်းရှိကြောင်း၊ ကုမ္ပဏီမှ ပြောကြားခဲ့သည်ဟု သိရသည်။

မိုဘိုင်းဗားရှင်း အသုံးပြုသူဦးရေမှာ ၁၀၁သန်းသာ ရှိပြီး ယခင်ကထက် ၃၃ရာခိုင်နှုန်း လျော့ကျခဲ့သည်။ ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့်လက Wall Street၏ ခန့်မှန်းအမြတ်ငွေထက်ကျော်လွန်အောင် ကြော်ငြာ အမြတ်ငွေများစွာ ရရှိခဲ့သည်ဟု သိရသည်။ မိုဘိုင်းကြော်ငြာကဏ္ဍတစ်ခုတည်းမှ အမြတ်ငွေ သန်း၆၅၀ကျော် ရရှိကာ ကုမ္ပဏီ၏ စုစုပေါင်း ကြော်ငြာအမြတ်ငွေသည် ၁.၆ဘီလျံ ရရှိခဲ့သည်ဟု ဆိုသည်။

Facebookသည် လစဉ် အသုံးပြုသူ စာရင်းထက် နေ့စဉ်အသုံးပြုသူစာရင်းကို ပြောင်းလဲဖော်ပြခဲ့ပြီး အချိန်နှင့် တစ်ပြေးညီ အသုံးပြုသူများ၏ အချက်အလက်များကို ဖော်ပြနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ၎င်းအပြင် Facebookသည် ဗီဒီယို ကြော်ငြာဈေးကွက်ကိုလည်း ထိုးဖောက် ဝင်ရောက်လျက်ရှိရာ လာမည့်နှစ်အတွင်း ၎င်းမှ ရရှိမည့် အမြတ်ငွေသည် ၁ဘီလီယံကျော် ရှိနိုင်ကြောင်း Morgan Staneky၏ အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြထားကြောင်း သိရသည်။

၂၀၁၄ခုနှစ်တွင် နိုင်ငံ၏ တီဗွီကြော်ငြာဈေးကွက်တစ်ခုလုံး၏ ၁ရာခိုင်နှုန်းကို အမှန်တကယ် ပိုင်ဆိုင်လာပါက ၂၀၂၀တွင် ၎င်း၏ အမြတ်ငွေသည် ၆.၅ ဘီလီယံကျော်အထိ မြင့်တက်လာမည်ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *