How-to

ဟန်းဆက်အသစ်လဲရင် Contactတွေကို ဘယ်လိုကူးပြောင်းမှာလဲ?

ဟန်းဆက်အသစ် လဲပြီဆိုရင် သင့်ရဲ့ ဟန်းဆက်အဟောင်းထဲက Contact(ဖုန်းနံပါတ်)တွေကို အသစ်ထဲ ပြောင်းထည့်ရတာ ပထမဆုံးလုပ်ရတဲ့ အလုပ်တစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ Google Accountတစ်ခု ရှိရုံနဲ့ ဒါတွေကို အလုပ်ရှုပ်ခံပြီး လုပ်နေစရာမလိုတော့ ပါဘူး။ အန်းဒရွိုက်မှ အန်းဒရွိုက်သို့ ကူးပြောင်းသည် ဖြစ်စေ၊ အန်းဒရွိုက်ကနေ iOSကို ကူးပြောင်းသည် ဖြစ်စေ အချိန် မိနစ်အနည်းငယ် ပေးရုံနဲ့ ဖုန်းနံပါတ်တွေကို အလွယ်တကူ ကူးပြောင်းနိုင်ပါတယ်။

ရှေးဦးစွာ သင့်စမတ်ဖုန်းဟောင်းထဲက Contactတွေကို vCardသို့မဟုတ် CSVဖိုင်နဲ့ Exportလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ရဲ့ Gmail Accountကို ဖွင့်ပြီး ခုနက Exportလုပ်ထားတဲ့ ဖိုင်ကို သင့်ရဲ့ Onlineအကောင့်ထဲ Importလုပ်ရမှာပါ။ ပြီးရင် သင့်ရဲ့ ဖုန်း သို့မဟုတ် Tabletအသစ်မှာ Google Accountကို ဖွင့်ပြီး Gmail Contactတွေနဲ့ Phone Contactတွေပါ တစ်ခါတည်း Syncလုပ်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ Gmailအကောင့် မရှိဘူးဆိုရင်တော့ သင့်ဖုန်းကို Laptop/Desktopနဲ့ ချိတ်ဆက်ပြီး vCard (သို့)CSVဖိုင် ကိုဖုန်းအဟောင်းကနေ အသစ်သို့ Transferလုပ်ပေးရမှာပါ။ iPhoneတွေမှာ Contactတွေ ကူးပြောင်းချင်ရင်တော့ Google Accountနဲ့ Syncလုပ်ရမှာ ဖြစ်ပြီး သင့်ရဲ့ Contactတွေကို အလိုလျောက် Updateလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ဟန်းဆက်အသစ်လဲရင် Contactတွေကို ဘယ်လိုကူးပြောင်းမှာလဲ?

  1. Fggsan Myint says:

    လူတွေ အများကြီး
    အလွယ်တကူ
    စာတွေဖတ်နိုင်သွားပြီး
    ကျွန်တော်ရောပေါ့
    ကျေးဇူးတင်ပါတယ် ……

Leave a Reply

Your email address will not be published. Required fields are marked *