News

LG OLED TV နှင့်အပြိုင်ထွက်ပေါ်လာတဲ့ Samsung

LG ၏ OLED TV ကဲ့သို ့ပင် Samsung ကလည်း LED TV များထုတ်လုပ်လိုက်ပြီဖြစ်ပါတယ််။နောက်ပိုင်းမှာ OLED TV များအတွက်ဈေးကွက်ပြိုင်ဆိုင်မှုများလည်း ပြင်းထန်လာခဲ့ပါတယ်။ Samsung ရဲ ့ OLED TV မှာဆိုရင် Frame ရဲ ့အပေါ်မှာ ကင်မရာ ကိုထည့်ထားပြီး အောက်ခြေမှာ Speaker ကိုထားရှိပေးထား တဲ့အတွက် အသံနှင် ့ရုပ် ကိုသီးခြားကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ရုပ်သံအစီစဉ်နှစ်ခုအား လူနှစ်ယောက်မှ 3Dမျက်မှန်နှင့်ကြည့် ရှုခံစား လို ့ရမှာဖြစ်တဲ့အတွက် LG OLED TV မှာမရနိုင်တဲ့ Samsung ရဲ ့ထူးခြားချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ကြည့်ရှုသူတစ်ယောက်ချင်းစီိအတွက်လည်း နားကြပ်များအား 3D မျက်မှန်တွင်ထည့်သွင်း ပေးထားသည့်အတွက် ရုပ်သံတစ်ခုစီမှအသံလိုင်းများက ကြည့်ရှုသူထံသို့ ရောက်ရှိသွားမှာဖြစ်ပါတယ်။ အသံပိုင်းမှာရော ကြည်လင်ပြတ်သားမှုအပိုင်းမှာပါ LG နှင့်သိပ်မကွာခြားသော်လည်း Samsung ကLG ထက်ဈေးနှုန်းလျှော့ချနိုင် မှုများကြောင့် ဈေးကွက်အတွင်းမှာတော့ နှာတစ်ဖျားသာနေပါတယ်။

LG OLED TV မှာဆိုရင်တော့ ထင်သာမြင်သာစွာ မျက်စိအာရုံကိုဖမ်းစားနိုင်မယ့် အနုပညာမြောက်မှုတွေ၊ 4mm အထိပါးလွှာတဲ့ Curved OLED TV ဒီဇိုင်းကိုတွေ ့ရမှာပါ။ LG OLED TV ဟာဆိုရင်လည်း ယခုနှစ်အတွက် EISA မှပေးအပ်သော European Mocro Audio System 2013-2014 ဆုကိုရရှိခဲ ့ပါတယ်။

ဖောက်ထွင်းမြင်နိုင်သော Crystal Stand ကြောင့်လေထဲမှာမျောလွင့်နေသလို ရင်သပ်ရှုမောဖွယ်ဖြစ်နေစေပြီး ကြည် ့ရှုသူကို TVရဲ ့ပုံတွေကြားမှာ ကိုယ်တိုင်နစ်မြောသလို ခံစားမှုများကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ LG ရဲ ့စပီကာများဟာလည်း Crystal stand အတွင်းမှာ ဆန်းသစ်စွာ ထည့်သွင်းထားလို့ အသံ အတိုးအကျယ်ကို အံ့မခန်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

OLED TV များကိုလွန်ခဲ့သော ငါးနှစ်ကျော်ကာလလောက်ကတည်းက ၀ယ်ယူသူများက လိုလိုလားလား လက်ခံခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ သေးသွယ်ပြီး အရည်သွေး ကောင်းမွန်သည့်အရောင်များနှင့် မြင်ကွင်းကြည်လင်ပြတ်သားခြင်းတို ့ကြောင့်ဖြစ်ပါတယ်။ Smart TVရဲ့ မြင့်မားတဲ့ စွမ်းဆောင်ချက်တွေနဲ ့ Cinema 3D နည်းပညာတွေကိုပေါင်းစပ်ထားလို ့အကောင်းဆုံး အိမ်တွင်းဖျော်ဖြေမှုရသကို LG နဲ ့ Samsung ရဲ့ OLED Curved TV တွေက ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *