News

တောကြောင်နာမည်ကို ရပ်ပြီး ကယ်လီဖိုးနီးယားကို ဂုဏ်ပြုခဲ့တဲ့ os-x-mavericks

OS X Mavericks ဆိုသည်မှာ Macintosh Computer မှာထည့်သွင်း အသုံးပြုသွားမည့် Appleရဲ့ Desktop & Sever အသုံးပြု Operating System တစ်မျိုး
ဖြစ်သည်။ ယခုကဲ့သို့ အသုံးပြုသွားမည့် အကြောင်းကို OS X Mavericksဟာ 2013 ဇွန်လမှာ ကျင်းပတဲ့ WWDC 2013ပွဲတွင် ကြေညာသွားခဲ့ခြင်းဖြစ်သည်။ OS X Mave
ricksဟာ Appleရဲ့ နည်းပညာတစ်ခုဖြစ်တဲ့ Apple iOS appတွေကို OS X Platform ကို သယ်ဆောင်လာခဲ့ပြီး Battery Life တွေ၊ Power Userတွေအတွက်
နည်းပညာတိုးမြှင့် မှုတွေ၊ iCloudရဲ့ နောက်ဆက်တွဲ နည်းပညာတွေကို အလေးပေးလုပ်ဆောင်နေပါတယ်။

iBook
OS X Maverickဟာ ထွက်ရှိသမျှ iBookတွေနဲ့မတူတဲ့ ပုံစံသစ်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ သင့်ရဲ့ iPad, iPhone or iPod မှာရှိတဲ့ Macက iBookအတွင်းကို စာအုပ်တွေအလိုအလျောက် Downloadလုပ် ပေးမှာ ဖြစ်ပါတယ်။ iBook Storeမှာ စာအုပ်အမျိုးအစားပေါင်း သန်း ၁၈၀ လောက် ရှိပြီဖြစ်ပါတယ်။ စာအုပ်တွေ ဖတ်ရှုရသလို တစ်ရွက်ချင်း လှန်ကြည့်လို့ရခြင်း၊ ဓာတ်ပုံတွေကို zoom ဆွဲကြည့်ရနိုင်ခြင်း၊ Cover တစ်ခုကနေ တစ်ခုကို ကူးယူနိုင်ခြင်းတို့က IOS Deviceတွေအတွက် သူမတူတဲ့ အချက်တစ်ခုပဲဖြစ် ပါတယ်။

သင်သာ ကျောင်းသားတစ်ယောက် ဖြစ်မယ်ဆိုရင် စာအုပ်တွေ အများအပြားကို စုဆောင်းနိုင်မှာ ဖြစ်ပြီး လိုချင်သည့်ာအုပ်များကို ရှာဖွေရ သည့် နေရာမှာလည်း လွယ်ကူ
နေမှာပဲ ဖြစ်ပါတယ်။ သင်ဟာ စာရွက် တစ်ခုပေါ်မှာ ရေးထားတဲ့ ကောက်နုတ်ဖော်ပြချက်တွေကို iBookထဲသို့ ကူးပြောင်း ထည့်နိုင်ပါတယ်။ ဒါ့အပြင် မှတ်စုရေးတဲ့ အခါမှာလည်း အဓိကအချက်တွေကို Highlight ဖော်ပြပေးခြင်း၊ Bookmarkထဲသို့ သိမ်း ဆည်းပေးခြင်း၊ သက်ဆိုင်ရာ နေရာများသို့ iCloudမှ အလိုအလျောက်ရွေ့ပြော
င်းပေးခြင်းတို့ကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒီလို စနစ်တွေ ပါတဲ့အတွက် သင် စာသင်ခန်းထဲ သွားတဲ့အခါမှာလည်း သင် လေ့လာ နေတဲ့ စာမျက်နှာကို iCloudက ဖော်ပြပေးနိုင်မှာပါ။ ဒါကြောင့် သင်ဟာ Mac ကို အသုံးမပြုတော့ရင်တောင် သင့်ရဲ့ iDeviceတွေနှင့် စာဖတ်ခြင်းကို ကောင်းစွာလုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Maps
အခုဆိုရင် သင်သွားချင်တဲ့ တစ်ကမ်ဘာလုံးက နေရာတွေကို Desktop ပေါ်မှာ တင်ထားလို့ ရနေပါပြီ။ ဘယ်လိုမျိုး Displayမျိုးပဲဖြစ်စေ ကြည့်လို့ ရမယ့် Map app တစ်ခုဖြစ်ပြီး၊ Macရဲ့ Graphic Powerကို အပြည့်အ၀ အသုံးပြုပြီး ပြပေးမှာ ဖြစ်ပါတယ်။ အနီးကပ် ဆွဲယူ ကြည့်ရှုတဲ့ အခါမှာလည်း ကြည်လင် အပြတ်သားဆုံး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အသုံးပြု လမ်းညွှန် တွေကလည်း အရမ်းလွယ်ကူတယ်။

နောက် မြေနေရာ အနေအထား၊ အပေါ်စီးဓာတ်ပုံ၊ 3D ပြုလုပ်ချက်တွေနဲ့ ဖန်တီးထားမှုတွေကြောင်း အလည်အပတ်သွားချင်တဲ့မြို့အကြောင်း သိရှိစေမှာ ဖြစ်ပါတယ်။ Mapအတွင်းမှာ စိတ်၀င်စားစရာနေရာ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေရဲ့ အချက် အလက်တွေကို အလွယ်တကူရနိုင်မှာ ဖြစ်တယ်။ သင် ခရီးသွားခါနီးတဲ့ အချိန်တွေမှာ သတိပေးချက်တွေကိုလည်း Mapက ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ သင် ဘယ်နေရာကို ရောက်နေတယ်ဆို အမြဲတမ်း ကြည့်နိုင် တော့မှာပါ။

Calendar
Calendarရဲ့ ပုံစံက မြင်တာနဲ့ အမြဲသုံးချင်နေအောင် ဆန်းသစ်တဲ့ ပုံစံရှိနေမှာပါ။ လတွေ၊ နှစ်တွေကို အဆင်ပြေ ချောမွေ့စွာ ဖြတ်ကျော်ရအောင် ပေးစွမ်းမှာဖြစ်ပါတယ်။ သွားရောက်ရမယ့် ပွဲတွေရှိလာတဲ့အခါ ပွဲကျင်းပမယ့်နေရာနှင့် စိတ်၀င်စားဖို့ကောင်းတဲ့အချက်ကို ရွေးပြီး မှတ်သားထားမယ်ဆိုရင် ပွဲရဲ့တည်နေရာကို မြေပုံနှင့် ဖော်ပြပေးခြင်း၊
ခရီးသွားရမည့် ကြာချိန်၊ ရာသီဥတုအခြေအနေတွေကို ဖော်ပြပေးခြင်းတို့ကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်သင် သွားလိုတဲ့နေရာ မြန်ဆန်စွာ သွားနိုင်မယ်၊ ဘယ်
လောက်ကြာမယ်ဆိုတာ သိနိုင်မယ်၊ နောက် သင်ထီးလိုမလို ဆိုတာပါ စဉ်းစားလို့ ရနိုင်ပြီပေါ့။

Safari
OS 6 Mavericksမှာပါတဲ့ safariကတော့ မျက်မှောက်ခေတ် နည်းပညာ အသစ်အဆန်းတွေနှင့် မိတ်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။ ထပ်ခါ ထပ်ခါ ၀င်ကြည့်ချင်လောက် အောင်ဆွဲဆောင်မှု အရှိဆုံး သတင်းဆောင်းပါးဆိုက်ဘ်တွေနှင့် ဆိုဘ်အသစ် တွေကိုလည်းရှာပေးမယ်၊ Twitterနှင့် Linkedlnမှာေ၀မျှထားတဲ့ linkတွေဟာ ဘယ်ဆိုက်ဘ်တွေက လာတယ် ဆိုတာကို Sidebarအသစ်မှာ ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် သင်ဟာ စိတ် ၀င်စားဖို့ကောင်းတဲ့ ကွန်ယက်တွေကို သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။Nitro Tiered JIT and Fast Start နည်းပညာအသစ်ကို အသုံးပြုထားပြီး ၀က်ဘ်ဆိုက်တွေကို Battery Lifeနှင့် ချိန်ညှိပြီး အသုံးပြုနိုင်တယ်။ IOS 6 Mavericks Safari ကတော့ အကောင်းဆုံး အရိုးရှင်းဆုံး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

iCloud Keychain
Web Pageတွေမှာ သင့်ရဲ့ Password တွေကို မှတ်သားထားခြင်းက ထိခိုက်နစ်နာမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ယခု iCloud Keychainက တော့ သင် တစ်ယောက်တည်းအတွက်ပဲ Passwordကို မှတ်သားပေးမှာ ဖြစ်ပါတယ်။ အဲ့ဒါက သင့်ရဲ့ User Name နှင့် Passwordတွေကို သင့်ရဲ့ အတည်ပြုချက် ရယူပြီး သိမ်းဆည်းပေးထားမှာဖြစ်ပြီး၊ robust AES 256-bitနှင့် လုံခြုံအောင် သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဘယ် အချိန် ဘယ်နေရာမှာပဲဖြစ်စေ သင်လိုအပ်လာလျှင် အလိုအလျောက် ဖြည့်ပေးဦးမှာ ဖြစ်ပါတယ်။ iCloud Keychainဟာ သင့်ရဲ့ Credit Card တွေအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

Multiple Displays
IOS 6Mavericksဟာ သင်လိုချင်သလို အသုံးပြုနိုင်အောင် စွမ်းဆောင် ပေးနေပါတယ်။ ပထမအဆင့်၊ ဒုတိယအဆင့် ခွဲခြားပြသမှုတွေဟာ ကြာရှည် ခံလေ့ မရှိကြပါဘူး။ အခု အခါမှာတော့ တစ်ခုချင်းစီအတွက် ကိုယ်ပိုင် Menu Barတွေ ပါရှိလာပြီး၊ သင် အသုံးပြုချင်တဲ့ Dockအမျိုးအစားနဲ့ ကြည့်ရှုလို့ ရမှာ ဖြစ်ပါတယ်။ ပြသမှု တစ်ခုချင်းစီအတွက် Multiple Appတွေကို ရရှိနိုင် မယ်။

ဒါမှ မဟုတ်လည်း တစ်ခုချင်းစီအတွက် screen အပြည့် ကြည့်ရှုနိုင် အောင် appတွေက လည်ပတ်နေမှာပါ။ တစ်ခုကို appတစ်မျိုးနှင့် ဖွင့်နေတဲ့ အချိန်မှာ အခြားApp တစ်ခုဖြင့် နောက်တစ်ခုကို ကြည့်ရှုနိုင်မယ်လို့ ဆိုလိုတာပါ။ သင် လိုချင်တဲ့နေရာကို ရွေးချယ်ပြီး အပေါ်စီး မြင်ကွင်း အဖြစ်လည်း ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ Airplayနှင့်
Apple TVတို့ဟာ ကြိုးမဲ့စနစ်နဲ့ ချိတ်ဆက်ပြီး HDTVစနစ်နှင့် ပြသဖို့အတွက် ပြောင်းလဲနိုင်တဲ့ အတွက် သင့်ရဲ့ အခန်းကို ကျော်ဖြတ်ပြီး အခြားအခန်းကနေ ဆွဲသွားလို့ ရပါတယ်။

Notification
Notificationတွေက သင့်ဆီမှာ Appတစ်ခုမှ ရှိ မနေရင်တောင်မှ သတိပေးချက်တွေကို လုပ်ဆောင်နေပြီး Messangeတွေကို အကြောင်းပြန်ဖို့ Misscall တွေပြန်ခေါ်ဖို့ သတိပေးနေပါတယ်။ ယခု အသစ် ပေါင်းထည့်ထား တာတစ်ခုက Safariကို မဖွင့်ထားရင်တောင် သင် နှစ်သက်တဲ့ သတင်းဆိုက် တွေကနေ သတင်း အသစ်တွေ ၀င်လာရင် အချက်ပေးမှာပဲ ဖြစ်ပါတယ်။ သင် အသုံးပြုတဲ့ ပစ္စည်းရဲ့ အနားမှာ မရှိခဲ့ရင်တောင် သင် ပြန်ရောက်လာတဲ့ အချိန်မှာ Notification တွေကို မြင်နေရမှာပဲဖြစ်ပါတယ်။

Finder Tabs
Finder Tabs က သင့်ရဲ့Desktop မှာရှိတဲ့ ဖိုင်တွေအကုန်လုံးကို တစ်စု တစ်စည်းတည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သင်ရဲ့ အချက်အလက် တွေကို ဘယ်လိုနေရာမှာပဲ သိမ်းထားပါစေ၊ Finder Tabနှင့် တစ်နေရာ တည်းမှာ ကြည့်နိုင်မှာဖြစ်ပါတယ်၊ဖိုင်တွေကို Tab တစ်ခုကနေ တစ်ခုကို ရွေ့ပြောင်းနိုင် မယ်။ Tab, Customize Viewsနှင့် recorderတွေ ကြားထဲမှာ အမျိုးမျိုးလိုသလို လှည့်ပြောင်းနိုင်မယ်။

Tags
iCloudတွေမှာ dataတွေကို သိမ်းဆည်းထားတယ်ဆိုရင်တောင်မှ Tagတွေဟာ သင့်ရဲ့ ဖိုင်တွေကို ရှာဖွေဖို့ပေးနိုင်ပါတယ်။ Multiple Project လိုချင်တဲ့အခါ Multiple Tag လုပ်လို့ ရပါတယ်။ Multiple iCloud Librariesမှာ Documentတွေကို သိမ်းထားဆိုရင် Projectတစ်ခု ပြုလုပ် ဖို့အတွက်ု Tagလုပ်ပြီး စုစည်းလို့ ရပါတယ်။ သင့်မှာ ပွဲတစ်ခုလုပ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် သင် ဖိတ်ခေါ်မယ့် လူစာရင်းတွေကို်၊ flyerတွေရဲ့ ဒီဇိုင်းတွေ၊ Presentation လုပ်မယ့် အစီအစဉ် တွေ အားလုံးကို Tagလုပ်ထားမယ်ဆိုရင် လိုအပ်တဲ့အချိန် Click တစ်ချက် နှိပ်ရုံဖြင့် အားလုံးကို ပြန်ကြည့်လို့ ရနိုင်ပါတယ်၊

Ref: http://www.apple.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *