News

PR from MCPA Office: MCPA Exam Preparation သင်တန်း နှင့် Exam သတင်း

MCPA

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲများကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်။

အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိက လိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။
* စာမေးပွဲအမျိုးအစား – Network Associate Examination (NA), – Network Professional Examination (NP)
* စာမေးပွဲကျင်းပမည့်နေ့ – ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက် (တနင်္ဂနွေနေ့)
* စာမေးပွဲပြုလုပ်မည့်အချိန် – နံနက် (၉းဝ၀) နာရီမှ နေ့လယ် (၁၂းဝ၀) နာရီအထိ
* နောက်ဆုံးစာရင်းပေးရမည့်နေ့ – ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက် (ဗုဒ္ဓဟူးနေ့)
* စာမေးပွဲကြေး – ၅ဝဝဝ ကျပ် (Network Associate Examination) – ၁၀ဝ၀ဝ ကျပ် (Network Professional Examination) (MCPA အသင်းဝင်များအား ၁ဝ% Discount ပေးပါမည်။)
* ကျင်းပမည့်နေရာ – 205, MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆/ ဝ၉-၇၃၀၈၈၃၀ဝ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု စာမေးပွဲကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။

MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်နှင့် Networking ဆိုင်ရာ အခြေခံဗဟုသုတမျာုး ရရှိစေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ခြင်းဖြစ်ပါသည်။

သင်တန်းဖွင့်လှစ်မည့် အစီအစဉ်…..

သင်တန်းအမည် – MCPA Certified Network Associate (NA) Exam Preparation (Intensive Course)
သင်ကြားမည့်ဘာသာရပ်များ – Desktop PC Hardware, Networking Fundamental, Desktop OS, WLAN, NOS and Network Environment, Security , Network Management, (Networking သင်ခန်းစာတစ်ချို့အား ICT Lab တွင် လက်တွေ့သင်ကြားပေးပါမည်။)
သင်တန်းဖွင့်မည့်ရက် – ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃-၁၅) ရက်နေ့ထိ (သောကြာ၊ စနေ၊ တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ၉း၃၀ မှ ညနေ ၅းဝ၀
သင်တန်းကြေး – (၁၀,ဝ၀ဝ) ကျပ်
စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူများသာ တက်ရောက်နိုင်ပါသည်။
သင်တန်းဖွင့်လှစ်မည့်နေရာ – MCF e-Learning Center ၊ အဆောင် ( ၁ ) ၊ MICT Park ၊ လှိုင်မြို့နယ်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆/၇၃၀၈၈၃၀ဝ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(၁၂-၁၂-၂၀၁၃ နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *