News

ကျပ် ၄၀၀ အဲကွန်း မြို့ပတ်ရထား အောက်တိုဘာ ပထမပတ်တွင် စတင်ပြေးဆွဲမည်

ဂျပန်နိုင်ငံလုပ် အဲကွန်း RBE ရထားတွဲဆိုင်းဖြင့် မြို့ပတ်ရထားကို အောက်တိုဘာ၅ ရက် (သို့မဟုတ်) ၆ ရက်တွင် စတင်ကာ ငွေကျပ် ၄၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “ ဒီ RBE ရထားတွဲတွေနဲ့ မြို့တစ်ပတ်ကို ဒီဇယ် ၇၅ ဂါလန်ကုန်ပြီး မြို့တစ်ပတ် ရထားတစ်ခေါက်ပြေးရင်ကို ကျပ်တစ်သိန်းရှုံးပါတယ်။ ဒီအတွက် ကာမိအောင် စီးနင်းခ ကျပ်၄၀၀ ယူတာပါ”လို့ စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ဂေဟာမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးက ဆက်လက်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းဖြင့် ရန်ကုန်-ကျိုက်ထို ခရီးစဉ်ပြေးဆွဲရာတွင် ကျပ် ၃၅၀၀ ကျသင့်ပြီး ယင်းခရီးစဉ်၏ သုံးပုံတစ်ပုံခန့်ရှိသော ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ငွေကျပ် ၄၀၀သာ ကောက်ခံထားကြောင်း၊ ရထားတွင်ပါဝင်သော ဝန်ဆောင်မှု အားလုံးကို စီးနင်းသူများအတွက် အပြည့်အဝ ပေးထားကြောင်းပြောသည်။

အဆိုပါ အဲကွန်းရထားတွဲဆိုင်းကို တွဲငါးတွဲဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ရှေ့နောက် ရထားစက်ခေါင်းပါဝင်ကြောင်း၊ ထိုင်ခုံအရေအတွက် ၃၃၂ ခုံနှင့် တွဲတစ်တွဲလျှင် အဲကွန်းလေးလုံးပါဝင်ကြောင်း၊ အဆင့်မြင့် သန့်စင်ခန်းများကို အသုံးပြုခွင့် ပေးထားကြောင်းသိရသည်။ ပြေးဆွဲမည့် ခရီးစဉ်များမှာ နံနက် ၆နာရီတွင် အင်းစိန်ဘူတာမှ စတင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ နံနက်၇ နာရီ ၁၅မိနစ်တွင် ရောက်ရှိကာ ရန်ကုန်ဘူတာကြီးမှ နေ့စဉ် ခေါက်ရေ ရှစ်ခေါက် မြို့ပတ်ပြေးဆွဲသွားမည်ဟု ဆိုသည်။

လမ်းခရီးတွင် ဘုရားလမ်း၊ ကြည့်မြင့်တိုင်၊ ကမာရွတ်၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားလေး၊ ကံဘဲ့၊ မလွှကုန်း၊ ပုဇွန်တောင်၊ ရန်ကုန်ဘူတာကြီး စသည့် ဘူတာ ၁၃ခုဖြင့် မြို့ပတ်သွားမည်ဖြစ်ပြီး အချိန်တစ်နာရီ ၁၅ မိနစ် ကြာမြင့်သည့်အတွက် ပုံမှန်ရထားများထက် မိနစ် ၃၀ အချိန်ကုန် သက်သာကြောင်း၊ မည့်သည့် ဘူတာမဆို စီးနင်းပါက ကလေးလူကြီးအပါအဝင် ငွေကျပ် ၄၀၀ ကျသင့်မည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသည်များအတွက် ကန်ဒေါ်လာ နှစ်ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားတိုင်း အမှတ် (၇)မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက “အဲကွန်းပါ RBE ရထားတွဲတွေနဲ့ မြို့ပတ်လမ်းမှာ ပြေးမယ်ဆိုရင် ရထားငါးတွဲဆိုင်း တစ်ဆိုင်းဖြစ်မှာပါ။ လူဦးရေ ၃၀၀ကျော်လောက် စီးနင်းနိုင်မယ်။ လက်ရှိက တစ်နေ့ကို ရထားတွဲဆိုင်း ၂၁ဆိုင်းနဲ့ ခေါက်ရေ ၂၀၀လောက် ပြေးဆွဲနေတော့ ၂၂ဆိုင်းနဲ့ ခေါက်ရေက ၂၀၈ခေါက် ဖြစ်လာမယ် “ ဟုပြောသည်။

မြို့ပတ်ရထား စီးနင်းသူတစ်ဦးဖြစ်သည့်  ဦးဇော်နီဝင်းက “လူတိုင်းမြို့ပတ်ရထားကို စီးဖို့ဆိုရင် မြို့နယ်တိုင်းမှာ ဘူတာစခန်းရှိပြီးတော့ မြို့နယ် ဘတ်စ်ကားဂိတ်တွေနဲ့ ချိန်ဆက်ပေးဖို့ လိုတယ်။ ဒီလို အချိန်မှန်မှန် ပြေးဆွဲပြီး အလွယ်တကူ စီးနင်းနိုင်တဲ့ နေရာ ရှိမယ်ဆိုရင် ပြည်သူတွေ စီးလာကြလိမ့်မယ်”ဟု ပြောသည်။

The Yangon Times Daily

 

                                                             

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “ကျပ် ၄၀၀ အဲကွန်း မြို့ပတ်ရထား အောက်တိုဘာ ပထမပတ်တွင် စတင်ပြေးဆွဲမည်

  1. ဘယ်နစ်ရက်အေးမှာလဲ…. မထင် 😛

    1. ဂျပန်ကတော့ တရုတ်ထက်ကောင်းမှာပါ။ သုံးလေးနစ် အနည်းဆုံးပဲ

Leave a Reply

Your email address will not be published. Required fields are marked *