Education

အမေရိကန် James Madison တက္ကသိုလ်က ပညာသင်ဆု ဒေါ်လာ ၅၀၀၀အထိ ပေးသွားမည်

hushmathalam.com

အမေရိကန်ရှိ James Madison Universityက မြန်မာနိုင်ငံမှ ဆယ်တန်းအောင်နှင့် iGCSE ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး၊ ဒေါ်လာ ၅၀၀၀အထိ ပညာသင်ဆု ပေးသွားမည်ဖြစ်ကြောင်း CROWN Educationမှ သိရသည်။ မြန်မာကျောင်းသားများအနေဖြင့် အမေရိကန် တက္ကသိုလ်ပထမနှစ်ဖြင့် ညီမျှသော International First Year Programကို စတင် လျှောက်ထားနိုင်ပြီး SAT/GMAT ရမှတ်များ တင်ပြရန် မလိုပဲ IELTS 5.5 (သို့) TOEFL 525ဖြင့် လျှောက်ထားနိုင်ကြောင်း၊ ယင်း Programတွင် စီးပွားရေး၊ အင်ဂျင်နီယာ၊ သိပ္ပံ၊ အိုင်တီပညာရပ်များ သင်ယူပြီးမြောက်ပါက ဒီဂရီဒုတိယနှစ်သို့ တက်ရောက်ပြီး နှစ်သက်ရာ ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ကြောင်း သိရသည်။ ပညာသင်နှင့် 2 Semesterနှင့် 3 Semesterဟူ၍ နှစ်မျိုးရှိပြီး 2 Semesterအတွက် ကျောင်းလခမှာ အမေရိကန် ဒေါ်လာ ၁၈၄၈၀နှင့် 3 Semester အတွက် ကျောင်းလခ အမေရိကန် ဒေါ်လာ ၂၆၀၉၅ ကုန်ကျမည်ဖြစ်ကြောင်း၊ အသေးစိတ် သိလိုပါက CROWN Education ဖုန်း 09-732-732-77၊ 09-508-9185တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

The Yangon Times Daily

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *