News

One Direction အဖွဲ့ ဗြိတိန်၏ အသက် ၃၀ အောက် ချမ်းသာကြွယ်၀သူ အနုပညာရှင် စာရင်းထိပ်ဆုံး၌ရှိ

Heat မဂ္ဂဇင်းမှထုတ်ပြန်သည့် အသက်၃၀အောက် ချမ်းသာကြွယ်၀သည့် ဗြိတိန်အနုပညာရှင်စာရင်းတွင် One Direction အဖွဲ့က၀င်ငွေပေါင် ၅၉ ဒသမ ၃၃သန်းဖြင့် ထိပ်ဆုံးနေရာ၌ ဖေါ်ပြခံခဲ့ရသည်ဟုသိရသည်။

ယမန်နှစ် စာရင်းတွင်နံပါတ်တစ်နေရာ၌ ဖေါ်ပြခံခဲ့ရသည် သရုပ်ဆောင်ဒနီရယ်ရက်ဒ်ကလစ်သည် ၀င်ငွေပေါင် ၅၆ ဒသမ ၁၈ သန်းဖြင့် ဒုတိယနေရာသို့ကျဆင်းခဲ့ရသည်။ Twilight ဇာတ်ကားမှ ရောဘတ်ပက်တင်ဆန်က ၀င်ငွေပေါင် ၄၄ ဒသမ ၁၆သန်းဖြင့် တတိယနေရာ်တွင် ဖော်ပြခံခဲ့ရပြီး ကီယာနိုက်တလေသည် ဝင်ငွေပေါင် ၃၇ ဒဿမ ၂၈သန်းဖြင့် စတုတ္ထနေရာတွင်ဖေါ်ပြခံခဲ့ ရသည်။

သရုပ်ဆောင်အမ်မာ၀ပ်ဆင်သည် ၀င်ငွေဒေါ်လာ ၂၇ ဒသမ ၉၃သန်းဖြင့် အသက် ၃၀အောက် ဗြိတိန်အနုပညာရှင်စာရင်း၏ ပဉ္စမနေရာတွင် ဖေါ်ပြခံခဲ့ရသည် ဟုသိရသည်။

X Factor သီချင်းဆိုပြိုင်ပွဲအစီအစဉ်မှ တစ်ဆင့်အောင်မြင်ကျော်ကြားသည့် ဗြိတိန်အဆိုတော် အဖွဲ့ဖြစ်လာသည့် OneDirection အဖွဲ့၏ ၂၀၁၄ ခုနှစ်၀င်ငွေသည် ဒေါ်လာတစ်ဘီလျံအထိရှိလာနိုင်သည်ဟု Business Insider ကခန့်မှန်းခဲ့ဖူးသည်။ OneDirection အဖွဲ့၏ အယ်လ်ဘမ်ရောင်းချရမှုနှင့် ဖျော်ဖြေပွဲလက်မှတ်ရောင်းရမှု၊ This is Us မှတ်တမ်းရုပ်ရှင် နင့် ကြော်ငြာများရိုက်ကူးမှု မှရရှိနိုင်မည့် ငွေပမာဏ ကို Business Insider ကတွက်ချက်ခန့်မှန်းခဲ့ခြင်းဖြစ်သည် ဟုသိရသည်။

၂၀၁၄ ခုနှစ် တွင် OneDirection အဖွဲ့၏ Where We Are ဖျော်ဖြေပွဲအတွက် ၀င်ငွေဒေါ်လာသန်း ၂၇၀ နှင့် This is Us ဇာတ်ကား လက်မှတ်ရောင်းချမှုမှ၀င်ငွေ ဒေါ်လာ ၁၇၅ သန်းရရှိနိုင်ကြောင်း Business Insider က ခန့်မှန်းခဲ့သည်။ This is Us ဇာတ်ကားသည် ၂၀၁၃ ခုနှစ်၀င်ငွေအမြင့်ဆုံးရမှတ်တမ်းတင် ရုပ်ရှင်ဖြစ်လာဖွယ်ရှိသည် ဆိုသောခန့်မှန်းမှုများလည်း ထွက်ရှိခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “One Direction အဖွဲ့ ဗြိတိန်၏ အသက် ၃၀ အောက် ချမ်းသာကြွယ်၀သူ အနုပညာရှင် စာရင်းထိပ်ဆုံး၌ရှိ

  1. Mya Thet Che says:

    အရမ်းဝမ်းသာတာဘဲ(so so so so happy)

Leave a Reply

Your email address will not be published. Required fields are marked *