News

Acer & SLN ၏ 5th Years Anniversary Promotion မှ ပထမဆုံး ငွေသားငါးသိန်း ကံထူးရှင်ထွက်ပေါ်

Acer & SLN မှ 5th Years Anniversary Promotion နှစ်ပတ်လည် အခမ်းအနား အထူးပရိုမိုးရှင်း ပြုလုပ် ကျင်းပလျက်ရှိ ပြီး၀ယ်ယူအားပေးသော Customer များကို ကျေးဇူးတုန့်ပြန့် သောအားဖြင့် Acer Notebook ၀ယ်ယူသူတိုင်း အားဗလာမပါ ခဲခြစ်ကံစမ်းမဲ ရရှိမည့် အခွင့်အရေးရှိကြောင်း သိရသည်။

ဗလာမပါ ခဲခြစ်ကံစမ်းမဲ အစီအစဉ်တွင် ချီးမြှင့်မည့် ဆုများမှာငွေသား (၅)သိန်း ၊ငွေသား(၅)သောင်း ၊ငွေသား(၅)ထောင် အပါအ၀င် Acer Memory Stick နှင့် Acer အမှတ်တရ Cup တို့ကို ခဲခြစ် ကံစမ်းရ ယူနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ ကံစမ်းမဲ အစီအစဉ် မှပထမဆုံး ငွေသား (၅)သိန်းကံထူးရှင် တစ်ဦးဂုဏ်ယူ ၀မ်းမြောက်စွာ ထွက်ပေါ်လာခဲ့ ပြီးယင်းကံထူးရှင်မှာ ဉူးတေဇ၀ဏ္ဏ ၊ ဖုန်းနံပါတ်-09-450023441 ဖြစ်ပြီး Innwa Computer မှ၀ယ်ယူခဲ့သည် ဟုသိရသည်။

၀ယ်ယူအားပေးပြီး ငွေသားဆုမဲများနှင့် အခြားဆုမဲကံထူး သူများကိုလည်း Acer (ရွှေလမင်းနဂါး ကုမ္ပဏီ) မှ ဂုဏ်ယူ၀မ်းမြောက်စွာ ဖြင့် အထူးကျေးဇူးတင် ရှိပါကြောင်း ၊ Acer Notebook များကို ၀ယ်ယူရင်း နောက်ထပ် ငွေသားဆု မဲများကို ခဲခြစ်ကံစမ်းရင်း ရင်ခုန်ရယူ ကြရန်အသိပေးတိုက်တွန်းကြောင်းနှင့် ကံထူးရှင် ကိုရောင်းချ ပေးခဲ့သော Innwa Computer ဆိုင်ကိုလည်း ရွှေလမင်းနဂါး ကုမ္ပဏီမှ အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြား ခဲ့ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *