News

အိနိ္ဒယ ရုပ်သံ သတင်းထောက် လူမဆန်၍ အလုပ်ထုတ်ခံရ

News Express

အိနိ္ဒယနိုင်ငံမြောက်ပိုင်းမှ ရေကြီးမှုများကို သတင်းပေးပို့ခဲ့သော ရုပ်သံဂျာနယ်လစ် တစ်ဦးသည် ရေဘေး ဒုက္ခသည် တစ်ဦး၏ ပုခုံးပေါ် တက်ကာ ရိုက်ကူးခဲ့မှုအတွက် အလုပ်မှ ထုတ်ပယ်ခံခဲ့ရကြောင်း၊ News Expressရုပ်သံဥက္ကဋ္ဌက ဇွန်လ ၂၆ရက်နေ့က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်ဟု သိရသည်။ “သူလုပ်ခဲ့တာက အရမ်းကို လူမဆန်ပါဘူး။ သတင်းတစ်ပုဒ်အတွက် တစ်စုံတစ်ယောက် အပေါ်ကို ခင်ဗျား တက်လို့ မရပါဘူး။ သူ့ကို ကျွန်တော်တို့ ဇွန်လ ၂၅ရက်နေ့မှာ အလုပ်က ရပ်စဲခဲ့ပါတယ်” ဟု News Express ရုပ်သံ၏ ဥက္ကဋ္ဌ နီရှန့်ချာတာဒေဝီက ပြောကြားခဲ့သည်။

ရုပ်သံသတင်းထောက် နာရာယန်း ပါဂေအင်သည် အူတာရက်ခံပြည်နယ်တွင် မြေပြိုမှု၊ ရေကြီးမှုများကို သတင်းတင်ဆက်နေသူ ဖြစ်သည်။ ဒေသခံရွာသားတစ်ဦး၏ ပုခုံးပေါ်တွင် ထိုင်ကာ ကင်မရာဘက်သို့ လှည့်၍ စကားပြောနေသော ၎င်း၏ ရုပ်ပုံကို အင်တာနက်တွင် ပြန့်ခဲ့သော ဗီဒီယိုတွင် မြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်မှုများ ပြင်းထန်စွာ ပေါ်ထွက်ခဲ့သည်ဟု သိရသည်။

သတင်းထောက် နာရာယန်းက ခြေကျင်းဝတ်အထိ မြင့်သော ရေထဲတွင် မတ်တပ်ရပ်နေစဉ် ဒယီးဒယိုင် ဖြစ်နေသော အဆိုပါ ရွာသားသည် လေးစားသည့် အနေဖြင့် ၎င်းကို ပုခုံးပေါ်သို့ တင်ထားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုကို You Tubeတွင် တင်ခဲ့သူအား ရုပ်သံလိုင်းက စုံစမ်းလျက် ရှိကြောင်း ချာတာဒေဝီက ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

3 thoughts on “အိနိ္ဒယ ရုပ်သံ သတင်းထောက် လူမဆန်၍ အလုပ်ထုတ်ခံရ

  1. may thu kyaw says:

    အပြစ်ပေးသင့်ပါတယ်…..နည်းတောင်နည်းသေးတယ်….

  2. ei hnin phyo says:

    အပြစ်ပေးသင့်ပါတယ် ဒါကကိုယ်ကျိုးအတွက်သူတစ်ပါးကိုစော်ကားရာရောက်ပါတယ်

  3. Myo Thiha says:

    စာနာစိတ်ကင်းမဲ့သောသဘောတရားကိုရောက်ရှိသွားတယ်။လူတိုင်းသူရုပ်ပုံကိုကြည့်နေရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကတော့ စာနာမှုကင်းမဲ့ ခြင်းပဲ။အပြစ်ပေးတာမျှတပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *