Mobile, News

Nokia က Lumia 1520 , Lumia 1320 ဖုန်းနှစ်လုံးကိုထုတ်ဖော်ပြသ

Abu Dhabi မှာဒီနေ့ကျင်းပတဲ့ ပွဲမှာ Nokia က Screen ကြီးမားတဲ့ဖုန်းနှစ်လုံးကိုထုတ်ဖော်ပြသလိုက်ပါတယ်။ Lumia 1520 , Lumia 1320 တို့ဖြစ်ပြီး ဖုန်းနှစ်လုံးစလုံးကို Windows Phone 8 မောင်းနှင် အသုံးပြုမှာပါ။  ဖုန်းနှစ်လုံးစလုံး ခြောက်လက်မ Screen ဖြစ်ပြီး  1520 ကတော့ Display 1080p ပါရှိပြီး 1320 ကတော့ 720p ပါရှိပါမယ်။

2

Lumia 1520 ကို $749 နဲ့၀ယ်ယူနိုင်မှာဖြစ်ပြီး အဝါရောင်၊ အဖြူရောင်၊ အနက်ရောင်၊ အနီရောင် လေးမျိုးရွေးချယ်နိုင်ပါတယ်။  နှစ်ကုန်ပိုင်းမှာ US, UK ,Hong Kong, Singapore, China, France, Germany , Finland နဲ့ တစ်ချို့ဥရောပနိုင်ငံ တွေမှာ၀ယ်ယူနိုင်မယ်လို့ထင်ပါတယ်။

3

Lumia 1320 ကိုတော့ $339 ဈေးသက်မှတ်ထားပြီး အဝါရောင်၊အဖြူရောင်၊အနက်ရောင် သုံးမျိုးနဲ့ရနိုင်ပါတယ်။ ၂၀၁၄ နှစ်ဦးပိုင်း မှာ    China, Vietnam, India  စတဲ့အာရှနိုင်ငံတွေ နဲ့ ဥရောပ မှာစတင်ရောင်းချမယ်လို့မျှော်လင့်ပါတယ်။ US မှာတော့ရောင်းချမှာမဟုတ်ပါဘူး။

 

1520 မှာ 29MP PureView Camera , Optical Image Stabilization (QIS) တို့ပါရှိပါမယ်။ Nokia ရဲ့ Audio Recording Tool တစ်ခုဖြစ်ပြီး Built-in ပါတဲ့ Speaker လေးလုံးကိုမောင်းနှင်ပေးမယ့် Rich Recording ပါရှိပါမယ်။

 

1520 ရဲ့  Specifications တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

  • 6″ full HD 1080p LCD, ClearBlack, Sunlight readability, Super sensitive touch, Gorilla Glass 2
  • PureView 20 MP, ZEISS optics, OIS, 2x lossless zoom, oversampling, dual LED flash
  • Video 1080p @ 30 fps full HD video with optical image stabilization
  • 4G LTE
  • Nokia Music for unlimited streaming of ad-free music
  • Free global HERE Maps and HERE Drive+, HERE Transit available in the Store
  • Microsoft Office built-in
  • Qualcomm Snapdragon 800 (2.2GHz Quad Core)
  • 3400 mAh (integrated) with built-in wireless charging
  • Yellow, white, black, glossy red

အခုလောလောဆယ်တော့ 1320 ထက် 1520 ရဲ့သတင်းအချက်အလက်တွေကိုပဲဖော်ပြပါသေးတယ်။ 1320 ရဲ့ ပုံတွေကိုလည်းမရရှိသေးပါဘူး။ ရောင်းချမယ့် နေ့ တွေကိုတော့ သေချာမသိရသေးပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *