News

iOS အသုံးပြုသူများအတွက် Google Maps 2.0 အသစ်ထွက်ရှိလာ

mactrast

iOS device ဖြစ်သော iPhone, iPad အသုံးပြုသူများအတွက် Googleမှ ရည်ရွယ် ထုတ်လုပ်လိုက်သော Google Maps 2.0 version အသစ်ထွက်ရှိလာပါသည်။ ၄င်းမှာ iOS အတွက်သာမက Android User များအတွက်ပါ ရည်ရွယ်ထားကြောင်း သိရှိရသည်။ အဆိုပါ New Version အတွက် Google ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့် မေလတည်းက ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

1
အသစ်ထွက်ရှိလာသော Google Mapsတွင် Indoor Mapsများ၊ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ကားလမ်း ပိတ်ဆို့ခြင်းဆိုင်ရာ အသိပေးချက်များ စသည့် အသုံး၀င်လှသော Feature အသစ်များစွာ ပါ၀င်လာသည်။ Version 2.0 တွင် iPadအတွက် ဒီဇိုင်းပုံစံအသစ်ကို ပြင်ဆင်ထားကြောင်း တွေ့ရှိရသည်။ ထို့ပြင် မည်သည့်နေရာတွင် ယာဉ်ကြော ပိတ်ဆို့နေသည်ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သော စနစ်များလည်း ပါ၀င်လာသည်။ အပန်းဖြေ အနားယူခြင်း၊ စားသောက်ဆိုင်၊ ဈေး၀ယ်ထွက်ခြင်း စသည်တို့အတွက် နေရာများကိုလည်း ကြည့်ရှုနိုင်သည်။

2
Shopping Mall၊ လေဆိပ်နှင့် အခြားနေရာများမှ လမ်းလျှောက်သွားနိုင်ရန် Indoor Maps များလည်း ထည့်သွင်းပေးထားသည်။ Indoor Mapsတွင် ရှော့ပင်းစင်တာ၊ လေဆိပ်၊ ပြတိုက်များ စသည့် အထင်ကရနေရာများသာမက အခြား အဆောက်အဦများကိုလည်း ပုံမှန် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အသုံးပြုသူ User များအနေဖြင့် အဆိုပါ Google Mapsကို လျင်မြန် လွယ်ကူစွာ အသုံးပြုနိုင်ရန် ဖန်တီးပေးထားသည်။ မိမိရှာဖွေချင်သည့် နေရာ၊ အဆောက်အဦ တစ်ခုခုကိုလည်း အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။ လက်ရှိတွင် Google Maps 2.0ကို iOS Userများအတွက်သာ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး Update များကို Free ပြုလုပ်နိုင်မည် ဖြစ်သည်။ အသုံးပြုလိုသူများ အနေဖြင့် App Storeတွင် အခမဲ့ Download ရယူနိုင်ကြောင်း သိရှိရပါသည်။

Ref : http://www.mactrast.com/2013/07/google-maps-2-0-hits-the-app-store-with-ipad-support-indoor-maps-enhanced-navigation-more/

Leave a Reply

Your email address will not be published. Required fields are marked *