News

နယူးယောက်မှ တိုကျိုသို့ မိနစ် ၉၀အတွင်း အရောက် ပျံသန်းနိုင်သည့် လေယာဉ်

XCORဟု အမည်ပေးထားသော ၄င်းလေယာဉ်အသစ်သည် လွန်ခဲ့သည့် ဆယ်နှစ်က ဂျက်လေယာဉ်များသာ စွမ်းဆောင်နိုင်သော အရာတစ်ခုကို လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ အမေရိကရှိ သမားရိုးကျ လေယာဉ်များနှင့် ခပ်ဆင်ဆင်ပင် ဖြစ်သော်လည်း ၄င်းလေယာဉ်သည် အသံထက် သုံးဆခန့်မြန်သော အမြန်နှုန်းဖြင့် မြေပြင်မှ ၆၂ မိုင်အကွာတွင် ပျံသန်းနိုင်သည်။ လက်ရှိ တီထွင် ဖန်တီးထားသော လေယာဉ်ပုံစံနှင့် ကုန်ကျစရိတ်များအရ လူချမ်းသာများသာ တတ်နိုင်သော အဆင့်အတန်းတစ်ခုသို့ ရောက်နေကြောင်းလည်း သိရှိရသည်။

၂၀၁၃ခုနှစ် အစောပိုင်းက စမ်းသပ် ပျံသန်းမှုများလည်း ပြုလုပ်ခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့သော နယူးမက္ကဆီကိုရှိ International Symposium for Personal & Commercial Spaceflight ပြပွဲတွင်လည်း ၄င်းလေယာဉ်ကို ပွဲထုတ်ပြသခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် နှစ်ယောက်စီးပုံစံ လေယာဉ်ငယ်အသွင် ဖန်တီးထားသော်လည်း ၄င်းမှာ အပြီးသတ် ဒီဇိုင်းမဟုတ်ကြောင်း အဆိုပါ လေယာဉ်ကို ထုတ်လုပ်သည့် ကုမ္ပဏီမှအရာရှိ Andrew Nelson က ပြောကြားခဲ့သည်။ သို့သော်လည်း လက်ရှိပုံစံမှာ ကြည့်အကောင်းဆုံး ဖြစ်နေပြီး ခရီးသည်တင်ပုံစံအဖြစ် ပြောင်းလဲအသုံးချမည်ဆိုပါက တစ်နာရီခွဲခန့် အတွင်းတွင် နယူးယောက်မှ တိုကျိုသို့ ခရီးသည်များကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Ref : http://www.businessinsider.com/xcor-reveals-full-scale-model-of-lynx-2012-10

Leave a Reply

Your email address will not be published. Required fields are marked *