News

Myanmar National Airlines မှ လေယာဉ်သစ်များနှင့် စိတ်ဓါတ်သစ်ကို မိတ်ဆက်သည့်အခမ်းအနား

Myanmar National Airlines မှ လေယာဉ်သစ်များနှင့် စိတ်ဓါတ်သစ်ကို မိတ်ဆက်သည့်အခမ်းအနား

အဆင့်မြှင့်တင်ထားသည့် အမျိုးသားလေကြောင်းလိုင်းမှ၎င်း၏နောက်ဆုံးပေါ်လေယာဉ်သစ်များနှင့် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို မိတ်ဆက်ခြင်း

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ၂၀၁၅ခုနှစ် ဇွန်လ ၁၅ ရက်နေ့ – Myanmar National Airlines (MNA) မှ ယနေ့ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် ၎င်း၏အဆင့်မြှင့်တင်ထားသည့် လုပ်ငန်းစဉ်များ၏ အထင်ကရမှတ်ကျောက်တင် အခမ်းအနားတွင် ထပ်မံပျံသန်းပြေးဆွဲသွားမည့် ဘိုးရင်း ၇၃၇ မျိုးဆက်သစ်လေယာဉ်များထဲမှ တစ်စင်းကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုနှစ်သြဂုတ်လတွင် စတင်ချဲ့ထွင်မိတ်ဆက်မည့် နိုင်ငံတကာလေကြောင်းကွန်ယက် ရန်ကုန်-စင်ကာပူ ခရီးစဉ်နှင့်အတူ MNA ၏ ပြည်တွင်းခရီးစဉ် ၂၆ နေရာ နှင့် ၂၀၁၆ခုနှစ် အစောပိုင်းတွင် ချိတ်ဆက်ပျံသန်းမည့် အာရှ-ပစိဖိတ်ဒေသတွင်းရှိ မြို့ (၄) မြို့များသို့ လေယာဉ်သစ်နှင့် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပါသည်။

ယခုကဲ့သို့ အထင်ကရမှတ်ကျောက်တင် အခမ်းအနား အခါသမယမှာ MNA ၏သမိုင်းဝင်အစိုးရစီမံခန့်ခွဲမှုမှ Corporatization အဖြစ်သို့ပြောင်းလဲပြီး ခြောက်လကြာ အချိန်အခါဖြစ်ပြီး ၎င်း၏ကတိကဝတ်အတိုင်းမြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ် လေကြောင်းလိုင်းတစ်ခုအဖြစ် ရပ်တည်ရန်ဟူသည့် ကတိပြုမှုကိုဖော်ဆောင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ “ဒီနေ့အခမ်းအနားဟာ ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ သမိုင်းဝင် အံမခန်းအောင်မြင်မှုနဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် လေယာဉ်သစ်တွေထဲက ပထမဆုံးအဖွဲ့ဝင်ကို ကြိုဆိုတဲ့အခမ်းအနား ဖြစ်ပါတယ်” ဟု Myanmar National Airlines မှ အမှုဆောင်အရာရှိချုပ် ကပ္ပတိန် သန်းထွန်းက ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကပ္ပတိန်သန်းထွန်းက “ယခုလို စွဲမက်စရာကောင်းပြီး ခေတ်မီတဲ့လေယာဉ်များနဲ့ ကျွန်တော်တို့နိုင်ငံတွင်း အံမတုနိုင်လောက်တဲ့ ဒေသတွင်းပြိုင်ဖက်ကင်းတဲ့ အဆင့်မြင့်လေကြောင်းလိုင်းကို အကောင်အထည်ဖော်ပြီး မြန်မာ့စိတ်ဓါတ်ကို ကမ္ဘာကသိအောင် ဝေမျှသွားမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။

လေယာဉ်သစ်များသည် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရုံသာမက နိုင်ငံတကာစီပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားကဏ္ဍအတွက် တွန်းအားဖြစ်စေသကဲ့သို့ လေကြောင်းလိုင်းနှင့် နိုင်ငံတော်အတွက် အကျိုးရလာဒ်ကောင်းများ ရရှိစေမည်ဖြစ်ကြောင်းကို Myanmar National Airlines မှ ပြောကြားပါသည်။ “အခုလေယာဉ်သစ်က နိုင်ငံတွင်း လေကြောင်းလိုင်းများအဖြစ် ပျံသန်းသွားမယ့် ပြည်တွင်းခရီးစဉ် ၂၆ ခုကိုတစ်ဆက်တည်း ပြေးဆွဲခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ထူးခြားဆန်းကြယ်မှုတွေကို လူအများပိုမိုသိရှိနိုင်မယ့် အခွင့်အရေးတွေပေးသွားမှာ ဖြစ်ပါတယ်”ဟု ကပ္ပတိန်သန်းထွန်းမှ ပြောကြားခဲ့ပါသည်။ “စင်ကာပူနိုင်ငံခရီးစဉ်ကိုစတင်လိုက်ပြီး နိုင်ငံတကာခရီးစဉ်များကို တိုးချဲ့ခြင်းဖြင့် မြန်မာနိုင်ငံကို ကမ္ဘာတဝှမ်းမှ လာရောက်သူများအား ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှု နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ကပ္ပတိန် သန်းထွန်းမှ ပြောကြားပါသည်။

ပထမဆုံးရောက်ရှိလာသော လေယာဉ်သည် ဘိုးရင်းမျိုးဆက်သစ် 737-800s အမျိုးအစား(၆)စင်းနှင့် 737- Max 8s အမျိုးအစား (၄) စင်းထဲမှတစ်စင်းဖြစ်ပြီး Myanmar National Airlines ၏ အမှတ်တံဆိပ်ကို မြှင့်တင်ရန်နှင့် ကမ္ဘာ့လေကြောင်းဈေးကွက်တွင် ယှဉ်ပြိုင်ဖက်အဖွဲ့ဝင် အနေဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်နိုင်မှုကို သိရှိစေရန် အတွက် Myanmar National Airlines မှ ဒေါ်လာမီလီယံသန်းပေါင်းများစွာ အကုန်အကျခံ၍ မှာယူခဲ့ခြင်း ဖြစ်ပါသည်။ “Myanmar National Airlines ရဲ့ သမိုင်းဝင်မှတ်ကျောက်တင်အခါသမယမှာ Boeing ကုမ္ပဏီမှ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ဘိုးရင်းကုမ္ပဏီ၊ အာရှပစိဖိတ်နှင့် အိန္ဒိယအရောင်းဌာန၏ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာ Dinesh Kesker က ပြောကြားခဲ့ပါသည်။ “ဆီစားနှုန်းသက်သာတဲ့ ဘိုးရင်း 737 နဲ့ 737 Max မျိုးဆက်သစ် လေယာဉ်တွေက Myanmar National Airlines ကို ယုံကြည်ကိုးစားမှု၊ ခရီးသည်များ သက်တောင့်သက်သာဖြစ်စေမှု၊ ဈေးကွက်ဦးဆောင်သူ လေကြောင်းလိုင်းဖြစ်လာစေဖို့နဲ့ ဒေသတွင်းမှာတိုးတက်ဖွံ့ဖြိုးအောင်မြင်လာစေဖို့အတွက် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Myanmar National Airlines ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးဖို့နဲ့ ကြီးပွားတိုးတက်လာမည့်အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်မိပါတယ်” ဟု ဒေါက်တာ Dinesh Kesker ကဆက်လက် ပြောကြားခဲ့ပါသည်။

အဆိုပါ လေယာဉ်သစ်နှင့်စပ်လျဉ်း၍ Myanmar National Airlines က ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများနှင့် ခရီးစဉ်သစ်များကို ၎င်းတို့၏ အမှတ်တံဆိပ်သစ်နှင့်အတူ ပျံသန်းပြေးဆွဲသွားမည် ဖြစ်ပါသည်။ ၂၀၁၄ခုနှစ်ကုန်ပိုင်းက စတင်ခဲ့ပြီး လုပ်ငန်းအဆင့်မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းလက်မှတ်ကြိုတင်စာရင်းပေးခြင်း၊ ငွေပေးချေခြင်း၊ ထိုင်ခုံရွေးချယ်ခြင်းများပြုလုပ်နိုင်သည့် Websiteသစ်တစ်ခုကို ထူထောင်လိုက်ခြင်းအပြင် နေရာကြိုတင် ချိတ်ဆက်ခြင်း နှင့် လေယာဉ်ထွက်ခွာမှု ထိန်းချုပ်ရေးစနစ်အားလုံးကို ခေတ်မီကွန်ပျူတာစနစ်သုံးစီမံခန့်ခွဲမှုဖြင့် တပ်ဆင်ခဲ့ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် Myanmar National Airlines သည် ယခုချိန်တွင် နိုင်ငံတွင်း အကျိုးဖြစ်ထွန်းမှု အများဆုံးနှင့် အဆင့်မြှင့်လေကြောင်းလိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

Myanmar National Airlines မှ ယခုအခါတွင် လေယာဉ်တက်ရန်စာရင်းသွင်းခြင်းမှ ဆိုက်ရောက်သည်အထိ ခရီးစဉ်တစ်လျှောက်လုံးတွင် ခရီးသည်များအတွက် အဆင့်မြှင့်တင်ထားသော ဝန်ဆောင်မှုများအား တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ လေယာဉ်ဝန်ထမ်းများ၊ လေဆိပ်အမှုထမ်းများနှင့် အရောင်းတာဝန်ခံများကို နိုင်ငံတကာအဆင့်နှင့်အညီ ပြီးပြည့်စုံသည့်သင်တန်းများကို ဖွင့်လှစ်ပို့ချရုံသာမက လေယာဉ်ပေါ်မှာလည်း ခရီးသည်များအနေနဲ့လည်း အထူးသန့်ရှင်းပြီး သက်တောင့်သက်သာဖြစ်သော ခေတ်မီပတ်ဝန်းကျင်ကို မျှော်လင့်ထားနိုင်ပါသည်။ Myanmar National Airlines ပိုင်လေယာဉ်တိုင်းတွင် လေယာဉ်တွင်း နောက်ဆုံးပေါ်ဖျော်ဖြေမှုစနစ်များပံ့ပိုးပေးထားသကဲ့သို့ ဟင်းလျာအနေဖြင့်လည်း အရည်အသွေးကောင်းမွန်သော အစားအသောက်များဖြစ်သည့် နိုင်ငံတကာ နှင့် မြန်မာအစားအသောက်များကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

လေယာဉ်သစ်များ ထပ်မံဖြည့်တင်းခြင်း နှင့် ဝန်ဆောင်မှုများ မြှင့်တင်ခြင်းအပြင် ကုမ္ပဏီအနေဖြင့် မြန်မာ၏ အနုပညာဆန်သော အရောင်အသွေးစုံလင်သည့် အလှအပများကို သိရှိစေမည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ လေယာဉ်တစ်စီးလုံးကို သန့်ရှင်းသာယာလှပငြိမ်းချမ်းမှုကို ပြသသောသင်္ကေတဖြစ်သည့် ရွှေရောင်ကြာပန်းပုံ နှင့် အရောင်သွေးစုံလှသော ရိုးရာအမှတ်တံဆိပ်များဖြင့် ရေးဆွဲ အလှဆင်ထားပါသည်။ Myanmar National Airlines က လေဆိပ်စစ်ဆေးရေးဂိတ်များ၊ လေယာဉ်အဝင်ဂိတ်များနှင့် ခရီးစဉ်ပျံသန်းရာ နေရာတိုင်းရှိ ဧည့်ခန်းမများကို ထူးခြားတင့်တယ်လှပစေရန် စီမံဆောင်ရွက်ထားပါသည်။ မြန်မာနိုင်ငံမှ နာမည်ကြီးဒီဇိုင်းနာဖြစ်သူ မိုဟုမ် (Mo Hom) နှင့်ပူးပေါင်းပြီး လေယာဉ်ဝန်ထမ်းဝတ်စုံများအပါအဝင် front line ဝန်ထမ်းများ၏ ဝတ်စုံများကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို သတိရနေစေမည့် ပုံစံသစ်ကို ပြုပြင်မွမ်းမံကာ ဒီဇိုင်းရေးဆွဲခဲ့ပါသည်။ “ဝတ်စုံအတွက် စိတ်ကူးကို မြန်မာနိုင်ငံ၏ အရောင်သွေးစုံလှပသော ပတ္တမြား၊ ကျောက်စိမ်း၊ ကြေးနီနှင့် ရွှေစသောတွင်းထွက်ပစ္စည်းများမှ ထွက်ပေါ်လာတာဖြစ်တယ်”ဟု ဒီဇိုင်းနာဖြစ်သူ မိုဟုမ်(Mo Hom) မှ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီဇိုင်းနာဖြစ်သူမိုဟုမ်(Mo Hom) မှ “ဒီအရောင်အသွေးစုံလှသော အရောင်မျိုးစုံကို ချင်းရိုးရာပုံစံ နှင့် ဗမာအချိတ်စတိုင် ပန်းပွင့်ထိုးပေါင်းစပ်ကာ မြန်မာ့ရိုးရာလက်မှုပညာကို ထိတွေ့ခံစားနိုင်စေရန်အတွက် ဒီဇိုင်း ရေးဆွဲထားတာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တိုင်းတွင် Myanmar National Airlines မှ ၎င်း၏ကြိုးစားအားထုတ်မှု ဦးတည်ချက်မှာ မြန်မာနိုင်ငံသားများကို ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်ပါသည်။ ယင်းကတိကဝတ်သည့် မြန်မာနိုင်ငံသားများ၏ ရင်းနှီးဖော်ရွေမှုနှင့် ရိုးသားဖြောင့်မတ်မှုတွေကို ကမ္ဘာသို့ ပိုမိုနီးကပ်စွာသိရှိစေရန်မျှော်မှန်းချက်ဖြစ်ပါသည် ဟု ကပ္ပတိန် သန်းထွန်းမှပြောကြားခဲ့ပါသည်။ “ဒီနေ့အခမ်းအနားမှာ Myanmar National Airlines လေယာဉ် အသစ်နဲ့အတူ ကမ္ဘာ့အဆင့်မှီလေကြောင်းလိုင်းအဖြစ် ရောက်ရှိလာမှုကို အသိပေးမိတ်ဆက်နိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟုကပ္ပတိန် သန်းထွန်း က ပြောကြားခဲ့ပါတယ်။ “ကမ္ဘာတစ်ဝှမ်းလုံး နဲ့ မြန်မာနိုင်ငံမှ နိုင်ငံသားများအားလုံးကို ပိုမိုတိုးတက်ကောင်းမွန်လာသာ အောင်မြင်မှုများကို မျှဝေရန်ပြသနိုင်မည်ဟု ကျွန်တော်တို့ မျှော်လင့်လျှက်ရှိပါတယ်” ဟုပြောကြားခဲ့ပါသည်။

ခရီးစဉ်များစတင်နိုင်မည့် အချိန်ကာလများ

သြဂုတ်လတွင် စတင်ပြေးဆွဲမည့် ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာခရီးစဉ်ဖြစ်သည့် စင်ကာပူခရီးစဉ် အတွက် လေယာဉ်လက်မှတ်များကို ဇူလိုင်လတွင် ကြိုတင်ရောင်းချသွားမည်ဖြစ်ပါသည်။ ဒေသတွင်းခရီးစဉ်များထဲမှ ဟောင်ကောင်နှင့် တိုင်ပေ ခရီးစဉ်များကို သြဂုတ်လ နှောင်းပိုင်းတွင်စတင်နိုင်မည်ဟုမျှော်လင့်ထားပါသည်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ နှင့် စည်းမျဉ်းဥပဒေ၏ ခွင့်ပြုချက်များအပေါ်မူတည်၍ ခရီးစဉ်များမှာ အပြောင်းအလဲရှိနိုင်ပါသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း

Myanmar National Airlines ကို ၁၉၄၈ ခုနှစ်တွင် “ပြည်ထောင်စုဗမာ့လေကြောင်း” အမည်ဖြင့် နိုင်ငံတော်ပိုင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖြစ် တည်ထောင်ခဲ့ပါတယ်။ De Havilland Dove အမျိုးအစားလေယာဉ် (၆) စင်းနှင့် ပြည်တွင်းခရီးစဉ် (၁၉) ခုကို စတင်ပျံသန်းပြေးဆွဲခဲ့ပြီး ၁၉၅၀ ခုနှစ်တွင် ဘန်ကောက်၊ ကလကတ္တား နှင့် စစ်တကောင်းသို့ ပျံသန်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ် ဗမာ့လေကြောင်းအက်ဥပဒေအရ နိုင်ငံတကာခရီးစဉ်များ တိုးချဲ့ပျံသန်းမှုနှင့် လေကြောင်းလိုင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ စင်ကာပူ၊ ခတ္တမန္တူသို့ ပျံသန်းပြေးဆွဲခဲ့ပြီး နောက်ပိုင်းမှာဘန်ကောက်၊ ကလကတ္တား၊ ဒါကာ၊ ဟောင်ကောင်နှင့် ဂျကာတာမြို့များသို့ ၁၉၉၃ ခုနှစ်အထိ တိုးချဲ့ ပျံသန်းပေးခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ယခုလေကြောင်းလိုင်းကို မြန်မာ့လေကြောင်းဟု အမည်ပြောင်းလဲခဲ့ပြီး ခရီးစဉ်ပေါင်း ၂၁ ခုကို ပျံသန်းပြေးဆွဲခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်တွင် ပြည်တွင်းလေကြောင်းပို့ဆောင်မှုများကို ပြန်လည်ပြေးဆွဲခြင်း နှင့်အတူ Myanmar National Airlines က ခရီးစဉ်ပေါင်း ၂၆ ခုကို ပျံသန်းပေးလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *