News

မဏိရတနာ ကျောက်စိမ်းခန်းမကြီးကို ဆီးဂိမ်း မီဒီယာ စင်တာ အဖြစ် ယာယီ အသုံးပြုမည်

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမကြီးအား ဆီးဂိမ်းအတွက် Media Centre အဖြစ် အသုံးပြုသွားမည် ဖြစ်သဖြင့် ယခုနှစ်ကုန်ပိုင်းအထိ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခန်းမကြီးအား ဆီးဂိမ်းတွင် အသုံးပြုရန် ငှားရမ်းထားခြင်းကြောင့် သြဂုတ်လကုန်မှ စတင်ကာ ပိတ်ထားခြင်း ဖြစ်ပြီး ဆီးဂိမ်းကာလ ပြီးဆုံးပါက ပုံမှန် ပြန်လည် ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

ယင်းနှင့် ပတ်သတ်ပြီး မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက “ အခုဆိုရင် မဏိရတနာ ခန်းမကြီးကို ပိတ်ထားပါတယ်။ နှစ်ကုန်ပြီးရင်တော့ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။ ဆီးဂိမ်းမှ ငှားရမ်း အသုံးပြုထားမှု ဒီဇင်ဘာလကုန်ပိုင်းတွင် ပြီးစီးပါက ကျောက်မျက်ရတနာပြပွဲများအား ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံတကာ ပြပွဲများအားလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *