အမေရိကန်အမျိုးသား အာကာသအေဂျင်စီ (NASA)က အိပ်ရာထဲ၌ ရက်ပေါင်း ၇၀နေနိုင်မည့် အပျော်တမ်း ပုဂ္ဂိုလ်များအား ဖိတ်ခေါ်လိုက်ပြီး အိပ်ရာထဲ ရက်ပေါင်း ၇၀အပြည့်နေနိုင်ပါက ဒေါ်လာ ၁၈၀၀၀ဆုရမည်ဟု ဖော်ပြခဲ့သည်။ နာဆာ၏ လေ့လာမှုနှင့် လုပ်ဆောင်ချက်များအား စမ်းသပ်ဓာတ်ခွဲခန်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း လိုအပ်ချက်များနှင့် ပတ်သက်၍ ကြော်ငြာချက်၌ ဖော်ပြခဲ့သည်။
ကြော်ငြာချက်တွင် နာဆာသိပ္ပံပညာရှင်များက အာကာသယာဉ်မှူးများ အာကာသထဲ၌ အချိန်ကြာမြင့်စွာ နေထိုင်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဖြစ်သည်ဟု ဆိုသည်။ ရှင်းလင်းချက် ဖော်ပြရာတွင် အိပ်ရာထဲ၌ ခေါင်းကိုစိုက်၍ နေရခြင်းမှာ ကမ္ဘာ့ဆွဲအားမဲ့ အာကာသထဲ၌ ခရီးသွားစဉ် ခံစားရမည့် အနေအထားကို တုပထားခြင်းဖြစ်သည်ဟု သိရသည်။
သတိပေးချက်မှာ “ဤလေ့လာမှု၌ သင်သည် ပါ၀င်မည်ဟု စိတ်ဆုံးဖြတ်ခဲ့ပါက သင်သည် ၉၇ရက် သို့မဟုတ် ၁၀၅ရက် အိပ်ရာထဲ၌ နေရမည်ဖြစ်ပြီး နာဆာ၏ ပျံသန်းရေး အန်နာလော့စ် သုတေသနဌာန၌ နေရမည်”ဟု ဆိုသည်။ လေ့ကျင့်သူသည် အိပ်ရာထဲတွင် ရက်ပေါင်း ၇၀နေရမည်ဖြစ်ပြီး ခန္ဓာကိုယ်အား အလိုက်သင့် အောက်ဘက်သို့ ဦးခေါင်းစိုက် ထားရမည်ဖြစ်သည်။
နာဆာက ဆက်လက်ဖော်ပြရာတွင် “သင့်အား သိပ္ပံပညာရှင်များက အာကာသယာဉ်မှူးတစ်ဦး၏ ခန္ဓာကိုယ်သည် အာကာသထဲ၌ ပျံသန်းနေစဉ် အလေးချိန်မဲ့နေသော ကာလ၌ နောင်မည်သို့ ပြောင်းလဲမှုများ ဖြစ်တတ်သည်ကို သင်ကြားပေးမည်ဟု သိရသည်။
အိပ်ယာထဲ မှာ အင်တာနက် နဲ့ ပန်းသီး တံဆိပ် ပါ တဲ့ ပစ္စည်း ၆ မျိုး လောက်ပဲ ပေးထားပါ..စိန်ခေါ် လိုက်ချင်တယ်…:D
ဘယ်ကိုဆက်သွယ်ရမလဲ တကယ်ပေးမှာလား
count me in