How-to

iOS 7ရဲ့ Secret Features များ

Apple က iOS 7 ကို  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စတင်ဖြန့်ချီခဲ့ပြီး ဒီဇိုင်းအသစ်တွေ၊ ကောင်းမွန်တဲ့ Features တွေကို ထပ်ပြီး ဖြည့်စွက် ပေးခဲ့ပါတယ်။ အဲဒီ Feature တွေထဲက လူသိပ်မသိသေးတဲ့ ကောင်းမွန်တဲ့ Features တွေကို ရေးပေးလိုက်ပါတယ်။

သင့်ဖုန်းက ဒေတာတွေကို တစ်ခြားသူတွေ မသိရှိနိုင်အောင် Password ခတ်ထားလို့ရပါတယ်။ ဒါပေမယ့် Password တွေဆိုတာကလည်း ဖောက်ထွင်းခိုးယူလို့ ရပါတယ်။ တစ်စုံတစ်ယောက်က သင့် Password ကို အကြိမ်များစွာ မှားယွင်းအသုံးပြုနေရင် သင့်ဒေတာတွေကို အလိုလို ဖျက်ဆီးနိုင်အောင် ပြုလုပ်နိုင်တဲ့ Feature တစ်ခုကို iOS 7 မှာအသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Settings>General>Passcode Lock ကိုသွားပြီး “Erase Data” ဆိုတဲ့ Option Button ကို Enable လုပ်ပါ။

Siri က သင့် Call Log တွေကို Manage လုပ်နိုင်တဲ့ စွမ်းရည် ပါရှိလာပါတယ်။ Voicemailတွေ နားထောင်ချင်တဲ့အခါ၊ Missed Call တွေကို ပြန်ပြီး ခေါ်ချင်တဲ့အခါမှာ Siriက ကူညီပေးနိုင်ပါတယ်။

AirDrop ကဖိုင်တွေ Share လုပ်ဖို့  လွယ်လွယ်ကူကူ ပြုလုပ်ပေးမှာပါ။ သင့် ဖုန်းကို တစ်ခြားဖုန်းတွေ မသိမြင်စေချင်တဲ့အခါမှာလည်း Visibility ကို Manage လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Control Center က AirDrop ကိုသွားပြီး ရွေးချယ်နိုင်ပါတယ်။ Every, No One, Only Contacts စသဖြင့် ရွေးနိုင်ပါတယ်။

ညအချိန် ကားမောင်းတဲ့အခါမှာ မြေပုံကြည့် ကားမောင်းတယ်ဆိုရင် Screenရဲ့ White Screenကို အသုံးပြုရတာ အဆင်မပြေရင် Night Modeကို သုံးနိုင်ပါတယ်။ Appleရဲ့ Maps appက အချိန်ပေါ်မူတည်ပြီး Night Mode ကို ပြောင်းပေးနိုင်ပါတယ်။ ဒီ Feature ကတော့ ရွေးချယ်စရာ မလိုဘဲ အသုံးပြုနိုင်ပါတယ်။

သင့်ဖုန်းကို Message တွေ ဘယ်အချိန်မှာ ၀င်လဲဆိုတာ သိချင်လား? iOS 7ကို အသုံးပြုရင် သင်သိနိုင်ပါပြီ။ Message appမှာ Timestamp ပါရှိလာပြီး Message တွေ ၀င်လာတဲ့အချိန်၊ ပေးပို့တဲ့ အချိန်ကို သိနိုင်ပါပြီ။

iOS 7 မှာ Free ဖြစ်ပြီး Trusted ဖြစ်တဲ့ Wi-Fi Hotspots တွေကို အလိုလို ချိတ်ဆက်ပေးနိုင်ပါပြီ။

Mail app မှာ Mail အားလုံးကို “Mark All” လုပ်နိုင်တဲ့ Button ပါရှိလာပြီး  “Mark As Read” ပြုလုပ်နိုင်ပါပြီ။

FaceTime app မှာ  Voice Call ကိုအသုံးပြုလို့ ရလာပြီ ဖြစ်ပါတယ်။

iOS 7 မှာ ဖုန်းတွေကို Block လုပ်နိုင်တဲ့ Feature ပါရှိလာပြီး တစ်ခြား Call Blocker app တွေကို အသုံးပြုစရာ မလိုတော့ပါဘူး။ Call, Message တွေကို Block လုပ်ဖို့အတွက် Settings>Phone and/or Settings>Messages ကိုသွားပြီး Contacts တွေကို Blocked Listထဲ ထည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *