News

မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ဖုန်း အော်ပရေတာ ကဏ္႑က တစ်ဆင့် မြန်မာ့ စီးပွားရေး တိုးတက်လာဖို့ မျှော်မှန်း လျှက်ရှိသည်

နိုင်ငံတကာ စာရင်းများအရ လက်ရှိ မြန်မာနိုင်ငံ လူဦးရေ ၆၄သန်းရဲ့ ၉ရာခိုင်နှုန်းသာ မိုဘိုင်းလ်ဖုန်းကို အသုံးပြုနို်င်သေးပါတယ်။ ထူးခြားချက် အနေနှင့်
မြန်မာနိုင်ငံရဲ့ အော်ပရေတာ ရွေးပွဲမှာ Singtel၊ Airtel၊ ကုဋေကြွယ််သူေဋ္ဌး George Soros နှင့် မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်၀ဆုံး လူပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သူ Serge Pun တို့ ပါဝင်တဲ့ Digicel Groupလိုမျိုးတောင်မှ အရံှုးနှင့် ရင်ဆိုင် ခဲ့ရပါတယ်။

ယခု တင်ဒါ အောင်မြင်ခဲ့သော အော်ပရေတာများ အနေနှင့် လာမည့် (၅)နှစ်အတွင်း နိုင်ငံ၏ ၇၅ရာခိုင်နှုန်းကို Voice Services ဝန်ဆောင်မှု ပေးရမည့် အပိုင်းနှင့် Data Services ဝန်ဆောင်မှုကိုတော့ ၃၈ရာခိုင်နှုန်း နီးပါးရရှိအောင် လုပ်ဆောင် ပေးရမည့် အပိုင်းတို့ကို ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ မြန်မာ လူမျိုးအနည်းငယ်သာ မိုဘိုင်းလ်ဖုန်း ဟမ်းဆက် ဈေးနှုန်းနှင့် တယ်လီဖုန်း ခေါ်ဆိုခ ကိုသာ တက်နိုင်ကြပါတယ်။

Telenor၏ အာရှရေးရာမှ ခေါင်းဆောင်ဖြစ်သူ Sigve Brekke က ကျွန်တော်တို့ အနေနှင့် မြန်မာအစိုးရနှင့် လက်တွဲကာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပြီး မြန်မာနိုင်ငံ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်သွယ်ရေး ကဏ္႑ဟာ အဓိက အနေနှင့် ပါဝင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာ အစိုးရအနေနှင့် တင်ဒါနိုင်သော အော်ပရေတာများကို လာမည့် စက်တင်ဘာလတွင် ၁၅နှစ် လုပ်ကိုင်ခွင့်လိုင်စင် စတင် ချထား ပေးမည် ဖြစ်ပြီး အော်ပရေတာများ၏ လက်တွေ့ လုပ်ငန်း ဆောင်ရွက်မှုကိုတော့ ၉လအတွင်း အစိုးရသို့ တင်ပြရမည်ဟု သိရပါတယ်။

မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္႑ အပြောင်းအလဲသည် မြန်မာ့လွှတ်တော်က ထုတ်ပြန်လာမည့် ဆက်သွယ်ရေး ဥပဒေပေါ် လုံးဝ မူတည်လျှက် ရှိပါတယ်။

အော်ပရေတာ ရွေးချယ်ရေးအဖွဲ့က အကယ်၍ လက်ရှိ တင်ဒါ အောင်မြင်သူများ သူတို့ရဲ့ လုပ်ငန်းများကို ရှေ့ဆက် မဆောင်ရွက် နိုင်တော့ပါက ပြင်သစ်မှ Telecom-Orange နှင့် ဂျပန်မှ Marubeni ကော်ပိုရေးရှင်းကို ပေးအပ်ရန်အတွက် ထပ်မံရွေးချယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

လေ့လာသူများကတော့ အဆိုပါ မြန်မာ့ဆက်သွယ်ရေး၏ တင်ဒါခေါ်ယူမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး တိုးတက်မှု ဖြစ်စဉ်ကို ထင်ဟပ်စေမှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများရဲ့ မိုဘိုင်းလ်လောက တိုးတက်နေချိန်မှာ နောက်ကျ ကျန်ခဲ့တာကိုတော့ ဘယ်သူမှမငြင်းနိုင်သလို ယခုလို အပြောင်းအလဲ အခါကောင်းမှာ နိုင်ငံ့စီးပွားရေးတိုးတက်ဖို့ အတွက်ကတော့ ဆက်သွယ်ရေးကဏ္႑ကို တိုးတက်အောင်
ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

Ref: www.bbc.co.uk

2 thoughts on “မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ဖုန်း အော်ပရေတာ ကဏ္႑က တစ်ဆင့် မြန်မာ့ စီးပွားရေး တိုးတက်လာဖို့ မျှော်မှန်း လျှက်ရှိသည်

  1. Myo Thiha says:

    တင်ဒါနိုင်သော အော်ပရေတာများ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက် ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည်ဆို ပါက ဆက်သွယ်ရေး အဆင့်မြင့်နိုင်ပြီး ကမ္ဘာနှင့်ရင်ဘောင်တန်း နိုင်မည်။နိုင်ငံတွင်း ဆက်သွယ်ရေး အထူးကောင်းမွန်နိုင်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားများပါ ခေတ်မှီနည်းပညာများ ကို ရရှိခံစားစေနိုင်မည် ဟု ထင်မြင်မည်ပါသည်။

  2. thwethweaye says:

    မြန်မာနိုင်ငံနဲ့လက်တွဲခွင့်ရသွားတဲ့ အော်ပရေတာတွေအတွက် ထုတ်ပြန်ပေးမယ့် ဆက်သွယ်ရေးမူဝါဒတွေနဲ့ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *