News

မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းလ်ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးမည်ဟု သိရ

Mobile Phone

လက်ရှိတွင် တစ်မိနစ် ၅၀ကျပ် နှုန်းဖြင့် ကောက်ခံနေသော မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခနှုန်းထားများကို ၂၀၁၃-၂၀၁၄ ဘဏ္႑ာရေးနှစ်အတွင်း လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်ဟု သိရသည်။ ဇွန်လ ၂၈ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က တစ်မိနစ် ငါးဆယ်ကျပ်နှုန်းဖြင့် ကောက်ခံနေသော တယ်လီဖုန်း ခေါ်ဆိုခနှုန်းထားများကို ငါးကျပ်အထိ လျှော့ချပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခြင်းနှင့် ပတ်သက်၍ ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက ဆက်လက်၍ တယ်လီဖုန်း ပြောဆိုခများ အပါအဝင် အခြားအခွန်အခများမှာလည်း ခေတ်နှင့်လျော်ညီမှု မရှိတော့သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကာ ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ငါးကျပ်နှင့် ဝန်ဆောင်မှု ပေးမည်ဟု အဆိုပြုသော ကုမ္ပဏီ မရှိသေးကြောင်း၊ အခြားနိုင်ငံများနှင့် တန်းတူဖြစ်အောင် လျှော့ချပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ Telenorနှင့် Ooredoo ကုမ္ပဏီ နှစ်ခုက တင်ဒါအောင်မြင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ရက်နေ့က ထုတ်ပြန်အပြီး နာရီပိုင်းအတွင်းမှာပင် ဆက်သွယ်ရေး လုပ်ငန်း ဝန်ဆောင်မှုများကို ၂၀၁၄ မတ်လကုန်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီများက ထုတ်ပြန်ကြေညာသည်ဟု သိရသည်။ ၂၀၁၀ပြည့်နှစ်မှ စတင်ကာ တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားများကို တစ်မိနစ်လျှင် နှစ်ဆယ့်ငါးကျပ်မှ ကျပ်ငါးဆယ်သို့ တိုးမြှင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းလ်ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးမည်ဟု သိရ

  1. may thu kyaw says:

    ကောင်းတာပေါ့…၀မ်းသာပါတယ်……

  2. ei hnin phyo says:

    ယခုလိုဖုန်းခေါ်ဆိုခများကိုလျော့ချပေးလို့ကောင်းပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *