News

ဆက်သွယ်ရေးနည်းဥပဒေ ( ၅ ) မျိုးအတွက် အကြံပြုဆွေးနွေးချက် များဖိတ်ခေါ်

အောက်တိုဘာ ၈ ရက်က ဆက်သွယ်ရေးဥပဒေ (၂၀၁၃) ကို အတည်ပြုပြဌာန်းပြီးဖြစ်ရာ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာနည်းဥပဒေမူကြမ်းများကို သိရှိနိုင်စေရန်နှင့် အကြံပြုဆွေးနွေးနိုင်ရန်အတွက် http://www.mcit.gov.mm ဝက်ဘ်ဆိုက်လိပ်စာ၌ရယူကြည့်ရှုနှိုင်သည်ဟု သိရသည်။

အကြံပြုဆွေးနွေးချက်များကို ဒီဇင်ဘာ ၂ရက် ညနေ ၅ နာရီ နောက်ဆုံးထား၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ စာဖြင့်ဖြစ်စေ၊ [email protected] : [email protected] အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ကြသည်ဟုသိရသည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနသို့ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး စုံစမ်းမှုပြုလုပ်လိုပါက ဖုန်း- ၀၆၇-၄၀၇၄၃၅ နှင့် ၀၆၇-၄၀၇၂၃၁ တို့သို့ မေးမြန်းစုံစမ်းနိုင်ကြောင်းသိရှိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ဆက်သွယ်ရေးနည်းဥပဒေ ( ၅ ) မျိုးအတွက် အကြံပြုဆွေးနွေးချက် များဖိတ်ခေါ်

  1. လုပ်ချင်ဒါ လုပ်မဲ့ဟာတွေများ

Leave a Reply

Your email address will not be published. Required fields are marked *