News

သစ်ခွဲသားများအား လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်

Timber-Without-Permission

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန နေပြည်တော်၌မတ်လ(၅)ရက်နေ့၊နံနက်(၉)နာရီက ပြည်တွင်းသုံးသစ်ခွဲသားများ ပြည်သူသို့ လွတ်လပ်စွာ ရောင်းချနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စု
ဝန်ကြီးဦးဝင်းထွန်းက ပြည်သူသို့သစ်ခွဲသား ဖြန့်ဖြူးမှုစနစ်ကိုလာမည့်ဘဏ္႑ာနှစ်မှစ၍ ပြုပြင် ပြောင်းလဲမည် ဖြစ်ကြောင်း၊ လိုအပ်သော သစ်ခွဲသားများကို မည်သည့်ပါမစ်မှမလိုဘဲ၊မည်သည့်စိစစ်ကန့်သတ်မှုမျိုးမှမလိုဘဲလွတ်လပ်စွာ ရောင်းချနိုင်အောင်ညှိနှိုင်း ဆွေးနွေးအဖြေရှာပြီးမဖြစ်မနေ ဆောင်ရွက်ပေးရန်၊
ရောင်းချမှုစနစ် လွယ်ကူ ချောမွေ့စေပြီး ပြည်သူသို့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆွေးနွေးမှာကြား ခဲ့ပါသည်။ ပြည်သူသို့ တိုက်ရိုက် လွတ်လပ်ပွင့်လင်းစွာ ရောင်းချသည့်စနစ် ရေရှည် တည်တံ့ရန် မြန်မာ့ သစ်လုပ်ငန်းနှင့် သစ်တော ဦးစီးဌာနတို့မှ အဓိကပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ပြီး တရားမဝင် သစ် ထုတ်လုပ် ရောင်းဝယ်မှုကို ထိရောက်စွာ တားဆီးရန် လိုအပ်ကြောင်းနှင့် ပြည်သူသို့ သက်သာသော ခွဲသားဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းလည်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *