News

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ကန်ဒေါ်လာ သုံးသန်းခန့်ရှိ ဆီးဂိမ်းပြိုင်ပွဲ စားသောက်နေထိုင်ရေး တင်ဒါရရှိ

အမေရိကန်ဒေါ်လာ သုံးသန်း၀န်းကျင် တန်ဖိုးရှိသည့် ဆီးဂိမ်းပြိုင်ပွဲ တည်းခိုနေထိုင်ရေးနှင့် အစားအသောက် ဧည့်ခံကျေွးမွေးရေး တင်ဒါကို မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ရရှိကြောင်း အသင်းဒုတိယဥက္ကဌ ဦးနေလင်းက ပြောသည်။ အဆိုပါ တင်ဒါကို ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၁၀ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းကုမ္ပဏီများထဲမှ ပြည်တွင်း စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းက ရွေးချယ်ခံရခြင်း ဖြစ်သည်။

စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းအနေဖြင့် တစ်ဦးတည်း ဆောင်ရွက်မည် မဟုတ်ပဲ အာဆီယံနိုင်ငံများတွင် ယင်းလုပ်ငန်းများ အတွေ့အကြုံရှိသည့် ထိုင်းနိုင်ငံ အခြေစိုက် ယူနီလီဗာ ကုမ္ပဏီနှင့်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးနေလင်းက “ဆီးဂိမ်းပြိုင်ပွဲ ကာလမှာ အားကစားသမား သုံးထောင်ကျော်အတွက် အစားအသောက် တည်းခိုနေထိုင်တဲ့ အခန်းတွေကို ၀န်ဆောင်မှုပေးမယ်။ ၀န်ထမ်းအင်အား ၆၀၀၀န်းကျင် အသုံးပြုမယ်။ ကျေွးမွေးမယ့် အစားအစာတွေမှာ ၀က်သားလုံး၀မပါဘူး။ ကျေွးမွေးမယ့် အသားငါးတွေကို ဟာလာအသိအမှတ်ပြုတဲ့ ဆိုင်တွေကပဲ ၀ယ်ယူမှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

ထို့အပြင် အစားအသောက်များ ချက်ပြုတ်ရာတွင် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များမှ စားဖိုမှူးများ၊ ယူနီလီဗာ ကုမ္ပဏီမှ စားဖိုမှူး များက ချက်ပြုတ်မည်ဖြစ်သည်။ အဆိုပါ ကျေွးမွေးမည့် အစီအစဉ်ကို လာမည့် နို၀င်ဘာ ၂၄ရက်မှ ဒီဇင်ဘာ ၂၅ရက်အထိ ရက်ပေါင်း ၃၀ခန့် သတ်မှတ်ထားပြီး အားကစားအပါအ၀င် အုပ်ချူပ်/ နည်းပြများကို တစ်ရက်လျှင် ငါးကြိမ်နှုန်းဖြင့် ဘူဖေးစနစ် ကျေွးမွေးမည်ဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲကာလတွင် အာဆီယံ၊ တရုတ်၊ အိန္ဒိယအစားအစာများ၊ ကျေွးမွေးမည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ အစားအသောက်နှင့် တည်းခိုနေထိုင်မည့် အိပ်ခန်းဆောင်များ ၀န်ဆောင်မှုလုပ်ငန်းကို ပြင်ပ ကုမ္ပဏီနှင့် အသင်းအဖွဲ့များကို တင်ဒါပေးခြင်းသည် ပြိုင်ပွဲကာလ တစ်လျှောက် အားကစားသမားများ အဆိပ်အတောက်ဖြစ်ခြင်း၊ ၀မ်းလျောခြင်းတို့ လွတ်ကင်းရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *