News

ဈေးသက်သာတဲ့ Moto G ကို ရောင်းပြီ

Motorola က ဈေးသက်သာတဲ့ Moto G ကို အွန်လိုင်းကနေ $179 ဖြင့် စတင်ရောင်းချပေးလိုက်ပါပြီ။ Carrier လိုင်းတွေပါ၀ယ်စရာမလိုတဲ့အတွက်လည်း အဆင်ပြေစေပါတယ်။ သူ့အရင် မျိုးဆက်ဖြစ်တဲ့ Moto X ရဲ့ ဈေးသက်သာတဲ့ Model လည်းဖြစ်ပါတယ်။ Specification တွေကတော့ အလယ်အလတ် တန်းဖြစ်ပြီး 1.2GHz quad-core processor , 5MP Camera တို့ကိုအသုံးပြုထားပါတယ်။ ၄.၅ လက်မ အရွယ်ရှိပြီး 720p Resolution ရှိပါတယ်။ Android 4.3 Jelly Bean ကို အသုံးပြုမောင်းနှင်ထားပါတယ်။ 8GB Storage ပါရှိပါမယ်။ January လထဲမှာ Android 4.4 KitKat ကို Update ပေးမယ်လို့ Motorola ကပြောပါတယ်။ တန်ဖိုးကြီးဖုန်းတွေကိုမ၀ယ်နိုင်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံကလူတွေအတွက် Moto G ကိုထုတ်လုပ်တာဖြစ်ပါတယ် လို့ Motorola ကပြောပါတယ်။ Moto G ကို ဥရောပ မှာမကြာမီ ရောင်းချတော့မှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *