News

ကွေးကောက်လို့ရတဲ့ LG G Flex ဖုန်း ကို ကိုရီးယား မှာရောင်းပြီ

ကွေးကောက်လို့ရတဲ့ LG G Flex ကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တော်တော်များများက သတင်းစာမျက်နှာတွေမှာ LG ကနေရာယူထားခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို ကိုရီးယား မှာတရား၀င်ရောင်းချပေးလိုက်ပါပြီ။ ကွေးကောက်လို့ရတဲ့ Screen ကို အသုံးပြုထားတဲ့ ပထမဆုံးဖုန်းလည်းဖြစ်ပါတယ်။ Samsung Galaxy Round က ကွေးကောက်မျက်နှာပြင် ပါရှိပေမယ့် အသေဖြစ်ပြီး ကွေးကောက်လို့မရလို့ဖြစ်ပါတယ်။

Specifications တွေကတော့ Quad-Core 2.2 GHz Snapdragon 800 Processor ကိုအသုံးပြုထားလို့ အလွန်လျှင်မြန်စွာ အသုံးပြုနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ ကွေးကောက်လို့ရတဲ့ ခြောက်လက်မ OLED Display ပါရှိပြီး RAM 2GB ပါရှိပါတယ်။ အရှေ့ဖက် ကင်မရာ က 13MP ရှိလို့ အရည်အသွေးကောင်းတဲ့ ပုံတွေကို ရရှိမှာပါ။

2

ဖုန်းကို ကွေးကောက်လို့ရတဲ့ အခွံ နဲ့ နဲ့ဖုံးအုပ်ထားပါတယ်။ အဲဒီ အခွံ ကာဗာ လေးရဲ့နောက်ဖက်မှာတော့ ခြစ်ရာ တွေကိုအလိုလို ပျောက်ကင်းစေနိုင်တဲ့ အလွှာတစ်ထပ်နဲ့ ကာကွယ်ထားပါတယ်။

3

Hardware တွေအပြင် Software တွေရဲ့ စွမ်းဆောင်ရည်တွေကလည်း ကောင်းမွန်ဆန်းသစ်ပါတယ်။ ကင်မရာ App မှာ မျက်နှာတွေကို အာရုံခံ သိရှိနိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ အဲဒီအတွက် ဓါတ်ပုံရိုက်တဲ့အခါမှာ မျက်နှာတွေကို အာရုံစူးစိုက်မှု အပြည့်အ၀ပေးနိုင်ပြီး ပုံထွက်ကောင်းစေမှာပါ။ App နှစ်ခုကို တစ်ပြိုင်နက်ထဲ ဖွင့်ပြီးသုံးနိုင်လို့ Multi-Tasking လုပ်ဖို့အဆင်ပြေလာပါတယ်။ Galaxy Note အမျိုးအစား တွေမှာ အသုံးပြုနိုင်တဲ့ Dual-Windows စွမ်းရည်ကို G Flex က အမှီလိုက်နိုင်ပါတယ်။

4

Lock Screen ကလည်း လှုပ်ရှားသက်၀င်နေတဲ့ Live Features တွေနဲ့ ဆန်းသစ်ပါတယ်။ အောက်က ပုံမှာတွေ့ရတဲ့အတိုင်း Lock Screen မှာ ပင်လယ်ပြင်ကိုတွေ့နေရပြီး ဖုန်းကိုလှုပ်လိုက်ရင် ရေတွေကလှုပ်ရှားသွားပါတယ်။ ဖုန်းကို Unlock လုပ်လိုက်ရင်တော့ နေလုံးကြီးကပျောက်ကွယ်သွားပါတယ်။

5

G Flex ကို အခုလောလောဆည် ကိုရီးယား မှာ ပဲရရှိအုံးမှာဖြစ်ပြီး ဒေါ်လာ ၉၄၀ နှုန်း နဲ့ရောင်းချပေးနေပါတယ်။ Orange Mobile Company ကတော့ ၂၀၁၄ ဖေဖော်ဝါရီလ မှာ ပြင်သစ်မှာရောင်းချပေးမယ်လို့ကြေညာထားပါတယ်။ ဈေးနှုန်းကိုတော့ ကြေညာခြင်းမရှိပါဘူး။ အမေရိက မှာရောင်းချမယ့်ရက်ကိုလည်းမသိရှိရသေးပါဘူး။

6

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *