News

ဈေးသက်သာတဲ့ Samsung Galaxy Core Plus

Samsung ရဲ့ Galaxy အမျိုးအစားဖုန်းတစ်ခု ဖြစ်တဲ့ Galaxy Core Plus လို့နာမည်ပေးထားတဲ့ ဖုန်းတစ်လုံးဈေးကွက်ထဲမှာပေါ်ထွက်လာပြန်ပါပြီ။ Engadget ရဲ့ အဆိုအရ Galaxy Core Plus ကို Taiwan မှာရောင်းချမယ်လို့သိရပါတယ်။ Samsung က Core Plus ရဲ့ အဓိက Specs တွေနဲ့ Features တွေကိုပဲ Product Page မှာ တစ်မျက်နှာစာဖော်ပြထားတာ တွေ့ရပါတယ်။ ဈေးနှုန်းသက်သာအောင်ပြုလုပ်ပေးထားလို့ Hardware တွေက အလယ်အလတ်အဆင့်လောက်ပဲရှိတာတွေ့ရပါတယ်။Galaxy Core Plus က Galaxy Core မျိုးဆက်ရဲ့ ဒုတိယမျိုးဆက်ဖြစ်ပါတယ်။

Samsung က Galaxy Core ကို မေ လတုန်းက ရောင်းချခဲ့ပြီး SIM Card နှစ်ခုအသုံးပြုနိုင်ပြီး Specs ပိုင်းမှာ Samsung Galaxy S2 နဲ့ ဆင်တူပြီး ဒီဇီုင်းပိုင်းမှာတော့ Samsung Galaxy S3 နဲ့ဆင်တူပါတယ်။ Galaxy Core Plus ကတော့ ဒုတိယမျိုးဆက်ဖြစ်ပေမယ့် ပထမမျိုးဆက်ဖြစ်တဲ့ Galaxy Core ထက် သိပ်ပြီးထူးခြားကောင်းမွန်လာတာ မတွေ့ရပါဘူး။

Android 4.2 OS ကိုသုံးထားပြီး RAM က 768MB ပဲရှိပါတယ်။ 4 GB Storage ပါရှိမှာဖြစ်ပြီး Storage ကိုထပ်ဖြည့်နိုင်ပါတယ်။ 1.2 GHz dual-core processor ကိုအသုံးပြုထားပြီး 800×480 P Resolution ရှိတဲ့ 4.3 လက်မ Display တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ က 5 Megapixel အရည်အသွေးရှိပြီး မျက်နှာချင်းဆိုင်မှာ VGA Camera တပ်ဆင်ထားပါတယ်။ Galaxy Core Plus က Galaxy Core ထက် RAM နဲ့ Storage ပိုများပြီး ကျန်တာတွေကတော့ တူညီနေပါတယ်။

Galaxy Core Plus က အလွန်ဈေးသက်သာပြီး စတာလင်ပေါင်နဲ့ တွက်ရင် £169 ပဲကျသင့်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *