News

iOS သုံး ဈေးအကြီးဆုံး Apps များ

Apple ရဲ့ App Store အနေနဲ့ ဈေးသက်သာတဲ့ Apps တွေ၊ Free ရတဲ့ Apps တွေအများအပြားပဲ ထုတ်လုပ်ခဲ့ပါတယ်။ သို့သော် ဈေးကြီးပြီး အသုံး၀င်တဲ့ အကောင်းစား Apps တွေလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင် Apple ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Apps တွေကို ဖော်ပြပေးလိုက်ပါတယ်။

နံပါတ်တစ်ကတော့ “Sexy Finger Print Test HD” ပဲဖြစ်ပါတယ်။ $99.99 နဲ့ App Store မှာ၀ယ်ယူနိုင်ပါတယ်။

နံပါတ်နှစ်က “Water Globe’s app” ပဲဖြစ်ပါတယ်။ Interactive Screen Toys ဖြစ်ပြီး ဒေါ်လာ ၂၁၉.၉၉ နဲ့ ၀ယ်ယူနိုင်ပါတယ်။

နောက်တစ်ခုကတော့ ဒေါ်လာ ၂၄၉.၉၉ တန်တဲ့ “Bizjet Mobile” app ပဲဖြစ်ပါတယ်။ လေယာဉ်နဲ့ ခရီးဆက်တဲ့ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ဖန်တီးထားတာဖြစ်ပြီးတော့ အဆိုပါ app ကိုသုံးပြီး လေယာဉ်နဲ့ မြေပြင်ကို ဆက်သွယ်နိုင်ပါတယ်။

ဒေါ်လာ ၂၉၉.၉၉ တန်တဲ့ Touch Chat AAC App ဖြစ်ပါတယ်။ အဆိုပါ App ဟာ စကားမပြောနိုင်တဲ့ မသန်စွမ်းသူတွေကို ရည်ရွယ်တာဖြစ်ပြီး တကယ့်ကိုကောင်းမွန်တဲ့ Communication App တစ်ခုပဲဖြစ်ပါတယ်။

၂၉၉.၉၉ ဒေါ်လာတန်တဲ့ Safe Session Voice Encryption App ပဲဖြစ်ပါတယ်။ အဆိုပါ App ဟာ အင်တာနက်ကို သုံးပြီး VoIP Call ခေါ်တဲ့အခါ အရေးကြီးကိစ္စတွေကို ဘေးလူတွေ မ၀င်ရောက်နိုင်အောင် စကားှက်ပုံစံပြောင်းပေးတဲ့ App ပဲဖြစ်ပါတယ်။

Barcelona Vs Madrid ဆိုတဲ့ iOS Game ကတော့ ဒေါ်လာ ၃၄၉.၉၉ တန်ကြေးရှိပါတယ်။ Graphics အထူးကောင်းမွန်ပြီး ဘာလို့ဂိမ်းတစ်ခုဟာ ဒီလောက်ဈေးကြီးနေတာလဲကိုတော့ မသိသေးပါဘူး လို့ ဆိုပါတယ်။

စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အစားသောက်မှာတာ၊ Waiter ခေါ်တာစတဲ့ Function တွေကို Smart ကျကျသုံးနိုင်ဖို့ Tap Menu ဆိုတဲ့ Picture App လေးရှိပါတယ်။ ဒေါ်လာ ၃၉၉.၉၉ ရှိပြီး ဟိုတယ်၊ စားသောက်ဆိုင်ကြီးတွေမှာ တကယ်ပဲ အသုံးပြုကြတယ်လို့ သိရပါတယ်။

iDIA ဆိုတဲ့ ဒေါ်လာ ၃၉၉.၉၉ တန်တဲ့ App လေးကတော့ Diagnostic Imaging Atlasa လို့ခေါ်ပါတယ်။

$ 499.99 တန်တဲ့ Mighty Brace Pro ဆိုတဲ့ Orthodontists တွေကိုရည်ရွယ်တဲ့ App လေးပဲ ဖြစ်ပါတယ်။

$ 499.99 တန်တဲ့ သွားဆရာ၀န်တွေအတွက် ရည်ရွယ်တဲ့ DDS GP Yes! ဆိုတဲ့ App လေးပဲ ဖြစ်ပါတယ်။ ဆရာ၀န်တွေ ကုသအစီအစဉ်ကို လူနာတွေကို Presentation ပြတဲ့ App လေးပဲဖြစ်ပါတယ်။

$ 999.99 တန်တဲ့ Harvard ဥပဒေကျောင်းက ထုတ်လုပ်တဲ့ Bar Max CA app ပဲဖြစ်ပါတယ်။

$ 999.99 တန်တဲ့ Alchemist SMS app ပါ။

Alpha-Trader ဆိုတဲ့ ဒေါ်လာ ၉၉၉.၉၉ တန်တဲ့ real-time stock prices, price alerts စတာတွေကို Update ဖော်ပြပေးနေတဲ့ App ပဲ ဖြစ်ပါတယ်။

MobiGage NDI ဆိုတဲ့ ဒေါ်လာ ၉၉၉.၉၉ တန်တဲ့ App ပါ။

ကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ Agro app ပါ။ ဒေါ်လာ ၉၉၉.၉၉ တန်ပါတယ်။

Yikes ဆိုတဲ့ App ပါ။ ဒေါ်လာ ၉၉၉.၉၉ တန်ပြီး Keeping Track of Flag Football Leagues App ပါ။

VIP Black App ကတော့ “The Millionaire’s App” ပဲဖြစ်ပါတယ်။ VIP Treatment တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: www.businessinsider.com/most-expensive-apps-for-iphone-and-ipad-2013-7?op=1

Leave a Reply

Your email address will not be published. Required fields are marked *