News

Microsoft ရဲ့ စမတ်စက်လှေခါး

Microsoft ရဲ့ သုတေသန ဌာနက ညာဏ်ရည်တုဆော့ဝဲကို စက်လှေခါးများတွင် ထည့်သွင်းမှာဖြစ်ပါတယ်။ စမတ်စက်လှေခါး ဖြစ်ပြီး လူတွေရဲ့ သွားလာတတ်တဲ့ အမူအကျင့် များကိုမှတ်သားပေးနိုင်ပြီး အလိုအလျှောက်မောင်းနှင်ပေးမှာဖြစ်ပါတယ်။ Artificial Intelligent နည်းပညာဟာ Company ရဲ့ အဓိက အခန်းကဏ္ဍမှာ ပါ၀င်နေပါတယ်လို့ Microsoft ရဲ့ သုတေသီ Peter Lee က Bloomberg ကိုပြောပါတယ်။

Microsoft ရဲ့ သုတေသနဌာနဟာ Sensors များကို စက်လှေခါးမှာ ထည့်သွင်းမှာဖြစ်ပါတယ်။ လူတွေရဲ့ သွားလာတဲ့အလေ့အထကို Sensors များက သုံးလကြာလေ့လာမှာဖြစ်ပါတယ်။ သုံးလကျော်သွားတာနဲ့ AI System က လူတွေရဲ့ သွားလာတတ်တဲ့ အမူအကျင့် တွေကိုသိနားလည်သွားပြီဖြစ်ပါတယ်။ သင်ကြားလေ့လာတဲ့ အပိုင်းဟာ သုံးလပြည့်တာနဲ့ ရပ်နားသွားမှာဖြစ်ပါတယ်။ ပြီးတာနဲ့ စက်လှေခါးက လူတွေသွားလာမယ့် အထပ်တွေကို အလိုအလျှောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

“ ဥပမာအားဖြင့် သင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်လှေခါး ထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့ နောက်တစ်နေ့မှာ နေ့လည်စာ အတူစားဖို့ ချိန်းဆိုထားတယ်ဆိုပါစို့။ စက်လှေခါး က မှတ်သားထားပေးနိုင်ပြီး နောက်တစ်နေ့ နေ့လည်စာစားချိန်မှာ အဲဒီလူစက်လှေခါးထဲ၀င်လာတာနဲ့ နေ့လည်စာစားတဲ့ခန်းမ ကို အလိုလိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။ “ လို့ Lee ကပြောပါတယ်။

Lee ရဲ့ အလုပ်က အနာဂတ်မှာ ထင်ပေါ်ကျော်ကြားလာမယ့် နည်းပညာတွေကို တီထွင်ကြံဆရတာဖြစ်ပါတယ်။ လူအများစုက ကွန်ပြူတာ ၊ မိုဘိုင်းဖုန်းတွေကို အသုံးပြနေချိန်မှာ Microsoft ရဲ့ သုတေသနဌာန ကတော့ ကွန်ပြူတာတွေက လူတွေကို ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားတီထွင်နေကြတာဖြစ်ပါတယ်လို့ Lee က ပြောပါတယ်။

Microsoft ရဲ့ စမတ်စက်လှေခါး ကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

http://thenextweb.com/microsoft/2014/01/20/microsoft-research-built-smart-elevator-uses-ai-figure-floor-youre-going/#!sHEvP

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *