News

Microsoft က Windows XP ကို Support ပေးခြင်းကို ရပ်နားလျှင် ATM စက်များ၏ (၉၅) ရာခိုင်နှုန်းကို ထိခိုက်မည်

Microsoft ရဲ့ (၁၂) သက်တမ်းရှိတဲ့ Windows XP Operating System ကို ကမ္ဘာတစ်၀န်းလုံးရှိ Automated Teller Machines အားလုံးရဲ့ (၉၅) ရာခိုင်နှုန်းမှာ အသုံးပြုနေကြပါတယ်လို့ အမေရိကန် ရှိ အကြီးဆုံး ATM ထုတ်လုပ်သူ NCR ကပြောပါတယ်။ ATM စက်တွေမှာ ၀င်းဒိုးကို အသုံးပြုတယ်ဆိုတာ မသိသူတော်တော်များများရှိတဲ့အတွက် အံ့အားသင့်စရာဖြစ်ပါတယ်။ Windows XP က ATM စက်ရဲ့ နောက်ကွယ်မှာ အလုပ်လုပ်ပေးနေတာဖြစ်ပြီး အသုံးပြုသူများက ငွေထုတ်ယူနိုင်တာဖြစ်ပါတယ်။ Microsoft က Windows XP အတွက် ပြုလုပ်ပေးနေတဲ့ Support များကို ရပ်နားတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် ATM စက်တွေကို ၂၀၁၄ ခုနှစ်မှာအတွင်းမှာ Upgrade ပြုလုပ်ရမှာဖြစ်ပါတယ်။ အမေရိကန် မှာ ATM စက်အလုံးရေ လေးသိန်းနှစ်သောင်းရှိပြီး အများစုက XP ကို အသုံးပြုထားတာဖြစ်ပါတယ်။ April လ (၈) ရက်နေ့မှာ Windows XP ကို Support ပေးခြင်းကို Microsoft က ရပ်နားတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် ATM စက်တွေရဲ့ လုံခြုံရေးဟာလည်း စိုးရိမ်စရာဖြစ်လာမှာဖြစ်ပါတယ်။

Microsoft က XP ကို Support ပေးခြင်းကို ရပ်နားတော့မယ်ဆိုတာကို Customer တွေကို သတိပေးနေတာ နှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။ ATM ထုတ်လုပ်သူတွေက တုန့်ပြန်မှု နှေးကွေးနေတာဖြစ်ပါတယ်။ ATM စက်တွေရဲ့ အများစုက Windows XP Full Version ကိုအသုံးပြုကြပြီး အနည်းစုက တော့ ၂၀၁၆ မတိုင်မီအထိ Support ရရှိနေမယ့် Embedded Version ကို အသုံးပြုကြ ပါတယ်။ စက်အများစုက Windows 7 ကိုပြောင်းလဲ အသုံးပြုကြမှာဖြစ်ပါတယ်။ ATM Software အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ KAL က ATM စက်တွေရဲ့ (၁၅) ရာခိုင်နှုန်း ဟာ April မတိုင်မီမှာ Windows 7 ကိုပြောင်းလဲအသုံးပြုမယ်လို့ ခန့်မှန်းပါတယ်။ စက်အများစု ကတော့ဒိတ်အောက်နေတဲ့ Windows XP ကိုပဲအသုံးပြုကြမှာဖြစ်ပါတယ်။ တစ်ချို့ Company တွေက Microsoft ဆီမှ Support ကို ၀ယ်ယူကြမယ်လို့ ခန့်မှန်းပါတယ်။ JPMorgan က အဲဒီလို ၀ယ်ယူမယ့် Company တွေထဲက တစ်ခုဖြစ်တယ်လို့ Bloomberg Businessweek မှာ ဖော်ပြထားပါတယ်။

ATM စက်တွေကို အသုံးပြုနေသူတွေဟာ လေးလံနှေးကွေးတဲ့ အတွေ့အကြုံကို ခံစားနေရတယ်လို့ သိရပါတယ်။ ခေတ်ပေါ် စက်တွေမှာ Touchscreen ကိုအသုံးပြုနိုင်ပါတယ်။ လုပ်ဆောင်ချက်တွေကလည်း အလွန်လျှင်မြန်ပါတယ်။ ခေတ်နောက်ကျတဲ့ စက်တွေမှာတော့ ခလုတ်တွေကို အသုံးပြုရတာဖြစ်ပြီး နှေးကွေးတဲ့ ဆော့ဝဲတွေတပ်ဆင်ထားပါတယ်။ Windows XP ရဲ့ နေရာကို အစားထိုးဖို့အတွက် Windows 7 က အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ စက်တွေမှာ Hardware တွေကို အဆင့်မြှင့် တပ်ဆင်ဖို့လိုပါတယ်။ တစ်ချို့စက်တွေကိုတော့ လုံး၀အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။

စက်အလုံးရေ (၁၉၀၀၀) အနက် မှ သုံးထောင်ဟာ Windows 7 ကို အသုံးပြုနိုင်ဖို့အတွက် အဆင့်မြှင့်ဖို့လိုအပ်နေတယ်လို့ JPMorgan က ၀န်ခံပြောကြားပါတယ်။ ATM စက်ထုတ်လုပ်သူတွေနဲ့ ဘဏ် တွေအတွက်တော့ ငွေကုန်ကြေးကျများစေမယ့် အချက်ဖြစ်ပါတယ်။ ATM စက်တွေကို နေ့စဉ် အသုံးပြုနေသူတွေအတွက်တော့ ကောင်းမွန်လာမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *