News

KDDI ရဲ့ စမတ်ဖုန်းများ

ဂျပန် Company တစ်ခုဖြစ်တဲ့ KDDI က Android Smartphone အသစ်များကို ထုတ်ဖော်ပြသလိုက်ပါတယ်။ G Flex , Sony Xperia Z Ultra တို့လို ကြီးမားသည့် ဖုန်းများဖြစ်ပါတယ်။ Hardware Specification များကလည်း အလွန်ကောင်းမွန်တာတွေ့ရ ပါတယ်။

Aquos Pad က ခုနစ်လက်မ တက်ဘလက်ဖြစ်ပြီး Android 4.2 Jelly Bean မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 13 Megapixel Camera တပ်ဆင်ထားတာက ဖုန်းကင်မရာ အရည်အသွေးဖြစ်ပါတယ်။ 1920×1200 Pixel Display တပ်ဆင်ထားပါတယ်။

နောက်ထပ် မိတ်ဆက်တာကတော့ Aquos Phone Series Mini ဖြစ်ပါတယ်။ အရောင်များစွာထုတ်လုပ်ပေးထားပြီး 1080p Display တပ်ဆင်ထားပါတယ်။ ၄.၅ လက်မအရွယ်ရှိပြီး တစ်လက်မကို Pixel သိပ်သည်းဆ (၄၈၇) ရှိတဲ့အတွက် ရုပ်ထွက်အလွန် ကောင်းမွန်ပါတယ်။ HTC One ထက် ရုပ်ထွက်သာလွန်မှာဖြစ်ပြီး HTC One ဟာ ၄.၇ လက်မအရွယ်မှာ 1080p Display တပ်ဆင်ထားလို့ဖြစ်ပါတယ်။ Snapdragon 800 , 2GB RAM , 13.1 MP Rear Camera တပ်ဆင်ထားပြီး Android 4.2 Jelly Bean မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။

ဂျပန်မှာ ရောင်းချပေးမှာဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမလားဆိုတာကို မသိရသေးပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *