News

၂၀၁၃ ခုနှစ် Man Booker ဆု နယူးဇီလန် စာရေးဆရာမရရှိ

နယူးဇီလန်နိုင်ငံ မှအသက် ၂၈ နှစ်အရွယ်ရှိ စာရေးဆရာမ အီလီနော်ကတ်တန်သည် The Luminaries စာအုပ်ဖြင့် ၂၀၁၃ ခုနှစ် Man Booker ဆုရရှိခဲ့သည်ဟုသိရသည်။ Man Booker ဆုပေးအပ်ခဲ့သည့် ၄၅ နှစ်အတွင်း ကတ်တန်သည် အသက်အငယ် ဆုံး ဆုရစာရေးဆရာမ ဖြစ်သည်ဟု ဆိုသည်။

ကတ်တန်၏ The Luminaries စာအုပ်သည် ၁၈၆၆ ခုနှစ် တွင်နယူးဇီလန် ရှိရွှေတွင်းများ အကြောင်းကို ဇာတ်အိမ်တည်ရေး ဖွဲ့ထားသည် ဟုသိရသည်။စာမျက်နှာ ၈၃၂ မျက်နှာပါ၀င်သည့် The Luminaries ၀တ္တု သည် ရွှေ ငွေ ဥစ္စာ နှင့် လောဘအကြောင်းကို ပဉ္စလက်ဆန်ဆန် ရေးထားကြောင်း နှင့် Booker ဆုပေးအပ် ခဲ့သည် ၀တ္တုများတွင် အရှည်ဆုံး ၀တ္တု တစ်ခုဖြစ်ကြောင်း ဆုရွေးချယ်ရေး အဖွဲ့ ဥက္ကဌ ရောဘတ်မက်ဖါလိန်း ကပြောကြား ခဲ့သည်။

Western Ontario တက္ကသိုလ် မှပါရဂူ ဘွဲ့ရရှိခဲ့ ပြီး ဗစ်တိုးရီးယား တက္ကသိုလ် မှ Creative Writing ဘာသာရပ် ဖြင့် မဟာဘွဲ့ ရရှိသည့် ကတ်တန်သည် အသက် ၂၅ နှစ် အရွယ်တွင် အဆိုပါ စာအုပ်ကို စတင်ရေးသား ခဲ့ပြီး အသက် ၂၇နှစ်တွင် စာအုပ်ရေးသားမှု ပြီးစီးခဲ့သည် ဟုဆိုသည်။

ချားလ်စ်မင်းသား၏ ကြင်ယာတော်က Booker ဆုအတွက် ချီးမြှင့်သည့် ပေါင် ၅၀၀၀၀ (ဒေါ်လာ ၈၀၀၀၀ ) ကိုကတ်တန်အား ပေးအပ် ခဲ့သည်ဟုသိရသည်။ Booker ဆုကိုဗြိတိန် ၏ စာပေဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆု အဖြစ်သတ်မှတ် ထားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *