Education

ပညာရေးနှင့် လုပ်ငန်းခွင် ပူးတွဲရှာဖွေလိုသော လူငယ်ကျောင်းသားကျောင်းသူများအတွက် ကနေဒါနိုင်ငံ University of Waterloo၏ Cp-Op အစီအစဉ်

ဥရောပ၊ မြောက်အမေရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းတွင် ကျောင်းခွဲပေါင်းငါးခုနှင့် ပညာရေးစင်တာများရှိသော University of Waterlooသည် ကမ္ဘာတစ်ခုလုံးမှ အသိအမှတ်ပြုခံထားရသော တက္ကသိုလ်တစ်ခုဖြစ်သည်။ Waterlooတွင် ပါဝင်သော အဖွဲ့အစည်းနယ်ပယ်များ တိုးတက်လာသည်နှင့် အညီ သုတေသနနယ်ပယ်တွင် ဦးဆောင်သူ၊ ဆန်းသစ်ပြောင်းလဲသူနှင့် အသစ်စတင်သူအဖြစ် ဂုဏ်သတင်းများ ရရှိလာခဲ့သည်။ ကမ္ဘာနှင့်အဝှမ်း ဖိအားပေးစိန်ခေါ်မှုတစ်ချို့အတွက် အဖြေရှာခြင်းတွင် Waterlooမှ ယုံကြည်သည်မှာ အဖြေသည် နိုင်ငံများကြား၊ အဖွဲ့အစည်းများကြားနှင့် စည်းမျဉ်းစည်းကမ်းများကြား အဆက်အသွယ် တံတားများ တည်ဆောက်ခြင်း ဖြစ်သည်။

University of Waterloo Main Compusသည် ကနေဒါနိုင်ငံ Ontarioတွင် တည်ရှိပြီး Main Campusတွင် ပတ်ဝန်းကျင်လေ့လာမှု၊ Nanotechnology, Quantum Information၊ စိတ်ပညာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ အင်ဂျင်နီယာ ဘာသာရပ်နှင့် ကျန်းမာရေး အပါအဝင် သုတေသန လုပ်ငန်းများအတွက် အဓိကထား သင်ကြားနေသော ကျောင်းဖြစ်သည့်အလျောက် ကနေဒါနိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ အချက်အချာကျမှုတွင် ဦးဆောင်ဦးရွက် ဖြစ်လာသည်။

ဘွဲ့၊ ဒီဂရီတန်းတွင် ကျောင်းသားပေါင်း ၁၇၃၀၀ဖြင့် ကမ္ဘာပေါ်တွင် Co-op အစီအစဉ်အတွက် အကြီးဆုံး ကျောင်းဖြစ်သည်။ ဘာသာရပ်အားလုံး၏ ၈၀ ရာခိုင်နူန်းသည် Co-op အစီအစဉ်အတွင်း ပါဝင်ပြီး ကနေဒါနိုင်ငံတွင် အကြီးဆုံးသော ပညာရေးနှင့် လုပ်ငန်းခွင်တွဲဖက်သင်ကြားသော အစီအစဉ်ဖြစ်သည်။

University of Waterloo၏ Co-op အစီအစဉ်ကို Apple, Red Cross, Microsoft, Disney, Blackberryကဲ့သို့သော ကမ္ဘာကျော်ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်ထားပြီး ကနေဒါနိုင်ငံတွင် စိတ်ပညာဘာသာရပ် သင်ကြားမှုတွင် နံပါတ်တစ် ရရှိထားသော ကျောင်းဖြစ်သည်။
ကျောင်းသားများ အနေဖြင့် Co-op အစီအစဉ်နှင့် တက်ရောက်မည်ဆိုပါက တစ်နှစ်လျှင် လေးလမှ ခြောက်လအထိ လုပ်ငန်းခွင်ဝင်ခွင့် ရရှိမည်ဖြစ်ပြီး ဘွဲ့ရရှိရန် ပညာသင်နှစ် ငါးနှစ် ကြာမြင့်မည် ဖြစ်သည်။ နှစ်အလိုက် စာသင်ချိန်နှင့် လုပ်ငန်းခွင် အချိန်စာရင်းများကို ထုတ်ပြန်ပေးထားမည် ဖြစ်သည်။ ကျောင်းဖွင့်ချိန် ကာလများမှာ Fall (September-December), Winter (January-April), နှင့် Spring  (May-August)များ ဖြစ်သည်။

“Waterloo Universityက လုပ်ငန်းပေါင်း ၄၅၀၀နှင့် ချိတ်ဆက်ထားပြီး လုပ်ငန်းရှင်တွေရဲ့ ရွေးချယ်မှု အများဆုံး တက္ကသိုလ်တစ်ခုပါ။ ဘာသာရပ်ပေါင်း ၁၂၀ကျော် ရှိတဲ့အထဲမှာမှ ၈၀ ရာခိုင်နူန်းက Co-op အစီအစဉ်နဲ့ ချိတ်ဆက်ထားပါတယ်။ ဒီလို Co-op အစီအစဉ်နဲ့ ပညာသင်ကြားတဲ့ ကျောင်းသားတွေဟာ ဘွဲ့၊ ဒီဂရီရမယ့် စုစုပေါင်းကြာချိန် ငါးနှစ်တာကာလအတွင်းမှာ ပညာသင်ကြားရင်းနဲ့ လုပ်ငန်းခွင် အတွေ့အကြုံရော ရရှိနိုင်တဲ့အပြင် လုပ်ငန်းခွင် ခံစားခွင့် ဝင်ငွေ ကနေဒါ ဒေါ်လာ ၃၇၀၀၀ကနေ ၇၇၀၀၀အထိ ရရှိနိုင်တယ်။ Waterloo Universityက လုပ်ငန်းခွင်အတွေ့အကြုံပါ ပူးတွဲပါတဲ့အပြင် Co-op Programmeမှာ ထိပ်ဆုံးက အောင်မြင်နေတဲ့ တက္ကသိုလ် ကျောင်းတစ်ကျောင်းဖြစ်တယ်ဆိုတာ ကနေဒါ တစ်နိုင်ငံလုံးက အသိအမှတ်ပြုထားတဲ့အတွက် တခြားတက္ကသိုလ်က ဘွဲ့ရကျောင်းသားတွေနဲ့ ယှဉ်မယ်ဆိုရင် လစာဝင်ငွေ ၁၅ရာခိုင်နူန်း ပိုမို မြင့်မားတယ်ဆိုတာကို Waterloo Universityရဲ့ ဖော်ပြချက်အရ သိရတယ်။” ဟု Myanmar Search International (MSI)၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်မှ သိရသည်။
University of Waterloo၏ ဘာသာရပ်ကြီးများမှာ Applied Health Sciences, Arts, Engineering, Environment, Mathematics, Scienceတို့ ဖြစ်ပြီး University of Waterloo၏ ဌာနနှင့် ကျောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

1.    Accounting and Finance (School of)
2.    Anthropology
3.    Applied Mathematics
4.    Architecture (School of)
5.    Biology
6.    Chemical Engineering
7.    Chemistry
8.    Civil and Environmental Engineering
9.    Classical Studies
10.    Combinatorics and Optimization
11.    Computer Science (David R. Cheriton School of)
12.    Drama and Speech Communication
13.    Earth and Environmental Sciences
14.    East Asian Studies
15.    Economics
16.    Electrical and Computer Engineering
17.    English Language and Literature
18.    Environment and Resource Studies
19.    Environment, Enterprise and Development(School of)
20.    Fine Arts
21.    French Studies
22.    Geography and Environmental Management
23.    Germanic and Slavic Studies
24.    History
25.    Independent Studies
26.    International Affairs(Balsillie School of)
27.    Italian Studies
28.    Kinesiology
29.    Knowledge Integration (Centre for)
30.    Management Sciences
31.    Mechanical and Mechatronics Engineering
32.    Music
33.    Nanotechnology Engineering
34.    Optometry & Vision Science (School of)
35.    Peace and Conflict Studies

36.    Pharmacy (School of)
37.    Philosophy
38.    Physics and Astronomy
39.    Planning (School of)
40.    Political Science
41.    Psychology
42.    Public Health and Health Systems (School of)
43.    Pure Mathematics
44.    Recreation and Leisure Studies
45.    Religious Studies
46.    Sexuality, Marriage and Family Studies
47.    Social Development Studies
48.    Social work (School of)
49.    Sociology and Legal Studies
50.    Software Engineering
51.    Spanish and Latin American Studies
52.    Statistics and Actuarial Science
53.    Systems Design Engineering
54.    Women’s Studies

ကနေဒါနိုင်ငံ Waterloo Universityသို့ တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော ဝင်ခွင့်အရည်အချင်းများနှင့် အင်္ဂလိပ်စာ လိုအပ်ချက်များအတွက် ကနေဒါနိုင်ငံ Ontario International Collageမှ ပြင်ဆင်ပေးလျက်ရှိပြီး အသေးစိတ် အချက်အလက်များအတွက် Myanmar Search International (MSI) နိုင်ငံခြား ပညာရေး ဝန်ဆောင်မှု အမှတ် ၂၃၄၊ ရွေဘုံသာအလယ်လမ်း။ ဖုန်း- 01-389915, 01-250929 နှင့် 09-5103915သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *