News

ချောင်းဆုံသားတို့ ဝမ်းမြောက်ဖွယ် (မော်လမြိုင်- ချောင်းဆုံ မြစ်ကူးတံတား တည်ဆောက်မည်)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း)မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် မော်လမြိုင်-ချောင်းဆုံ မြစ်ကူးတံတားကို ၂၀၁၄-၂၀၁၅ဘဏ္႑ာနှစ်မှ စတင်၍ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ပြည်နယ် မြန်မာ့ ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။

မော်လမြိုင်- ချောင်းဆုံ မြစ်ကူးတံတား  တည်ဆောက်ရန် မူလ ရွေးချယ် သတ်မှတ်ထားသည့် နေရာသုံးနေရာ အနက်မှ မော်လမြိုင်မြို့ မုပွန်ဆိပ်ကမ်းနှင့် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ဆိပ်ကမ်းနေရာကို အသင့်တော်ဆုံး လမ်းအဖြစ် ရွေးချယ်လိုက်ပြီဟု ဆိုသည်။ ယခု တည်ဆောက်မည့် တံတားအမျိုးအစားမှာ သံပေါင်သံကူ ကွန်ကရစ်တံတားဖြစ်ပြီး မုပွန်ဆိပ်ကမ်းနှင့် ကညှော်ဆိပ်ကမ်းမှာ ပေ ၄၄၀၀ရှိကာ အမြင့် ၄၅ဖြင့် ဆောက်လုပ်မည် ဖြစ်သည်။ မော်လမြိုင်ဘက် အခြမ်းမှ ချဉ်းကပ်လမ်းမှာပေ ၇၀၀ရှိပြီး ကညှော်ဘက်ကမ်းမှ ချဉ်းကပ်လမ်းမှာ ပေ ၄၀၀၀ရှိမည်ဟု သိရသည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရန်ပုံငွေကနေ ကျခံပြီး မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းက တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တံတားရဲ့ ကုန်ကျငွေတွေကိုတော့ စိစစ်တွက်ချက်ဆဲဖြစ်ပါတယ်”ဟု ပြည်နယ် အင်ဂျင်နီယာမှူးကြီး ဦးမြင့်ဇော်က ပြောသည်။ ထို့အပြင် မုဒုံ- မြဝတီလမ်းပေါ်ရှိ ချောင်းနှစ်ခွ တံတားနှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဖြတ်လမ်းဖြစ်သည့် ဘီးလင်း- နတ်ကြီး- ဖာပွန်လမ်းပေါ်ရှိ ဘီးလင်းချောင်းတံတားတို့ကိုလည်း မကြာမီ တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *