News

Lenovo Smartphone မိတ်ဆက်ဈေးရောင်းပွဲတော်

Lenovo Smartphone မိတ်ဆက် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ၅ရက်နေ့က တော်ဝင်စင်တာ Promotion Areaမှာ မနက် ၉နာရီကနေ ည ၉နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ Lenovo ဈေးရောင်းပွဲတော်တွင်  လူကြိုက်များသည့် Lenovo Brand များဖြစ်သော  Lenovo K900, Lenovo S920, S820နှင့် အခြား Lenovo Smartphone များကို မိတ်ဆက်သွားခဲ့သည်။
Screen ကြီးမားပြီး Intel processor များကို အသုံးပြုထားတဲ့အတွက် တချိန်တည်းမှာ ဘယ်လို Appမျိုး၊ ဘယ်လိုဂိမ်းမျိုး၊ ဘယ်လို Videoမျိုးတွေကိုမဆို အကောင်းဆုံး အလုပ်လုပ်ပေးနိုင်တယ်ဟု သိရပါသည်။ ဈေးနှုန်းအသင့်အတင့် ရှိတဲ့ Lenovo Smart Phoneများကိုလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။ ဈေးရောင်းပွဲတော်အတွင်းလာရောက်ဝယ်ယူသူ မိတ်ဟောင်းမိတ်သစ်များအတွက် Promotion အစီအစဉ်များ၊ Official Warranty တစ်နှစ်၊Software APPများကို တစ်နှစ်အတွင်း အခမဲ့ Updateထည့်သွင်းနိုင်ခြင်း၊ ဝယ်ယူပြီး တစ်လအတွင်း Factory Errorဖြစ်ပါက အသစ်တစ်လုံးဖြင့် ပြန်လည်လဲလှယ်ခွင့်၊ မြန်မာစာ စနစ်ကို Rootဖောက်စရာ မလိုဘဲ အသုံးပြုနိုင်ခြင်း စသည့် အစီအစဉ်များကို ပေးသွားခဲ့ပြီး အနုပညာရှင်များကလည်း လာရောက် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်သွယ်ဝယ်ယူလိုသူ Customerများအနေဖြင့် Sole Distributorဖြစ်တဲ့ KMD Computerဆိုင်များနှင့် အခြား ဖုန်းဆိုင်ကြီးများတွင် ဝယ်ယူနိုင်တယ်လို့ သိရပါသည်။ လေ့လာချင်သူတွေအတွက် www. Facebook.com/Lenovo.mm, [email protected] နဲ့ ဖုန်း ၀၁-၃၇၃၀၂၆၊ ၃၇၅၃၃၄၊ ၂၄၁၁၉၆သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *