Foods, News, Review

Marutomo Dashi ဟင်းခတ်မှုန့် အကြောင်း

အိမ်တစ်အိမ်ကလူတွေ ကျန်းမာဖို့ဆိုရင် အဓိကက ဟင်းပွဲတွေရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ…

အခုလိုချိန်မှာ အစားအစာကိုစနစ်တကျစားသုံးတာ၊ အိပ်ချိန်ပြည့်၀အောင်အိပ်စက်ဖို့နဲ့ ကျန်းမာတဲ့နေထိုင်မှုပုံစံက အကောင်းဆုံးကာကွယ်ကုသနည်းပါပဲ။

ကားတစ်စီးလိုပါပဲ မသန့်တဲ့ဆီ မကောင်းတဲ့ဆီတွေ အသုံးများရင် ဘယ်လောက်ကောင်းတဲ့ကားဖြစ်ဖြစ် အချိန်မတိုင်ခင် ပျက်စီးပါတယ်။

Chemical ပါ၀င်တဲ့အစားအစာတွေဟာ အစပိုင်းမှာ အနည်းနဲ့အများမသိသာသေးပေမဲ့ ရေရှည်မှာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေ စုထားတာမို့ အခုတော့ဘာမှမဖြစ်နေဘူးဆိုပြီး ပေါ့ဆဖို့မသင့်ပါဘူးနော်။

ICT ရဲ့ ချစ်ရသူတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာတွေဖြစ်စေဖို့ ဟင်းခတ်မှုန့်လေးအကြောင်း ပြောပြပါရစေ။

Marutomo Dashi Vegetable Bouillon Powder 32g သက်သက်လွတ် ဟင်းသီးဟင်းရွက်ဟင်းခတ်မှုန့်ဟာဆိုရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန့်ညင်းဖြူ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်နဲ့ တရုတ်နံနံ စတဲ့ ဟင်းသီးဟင်းရွက် (၆ )မျိုးမှ အချိုဓာတ်နဲ့ထုတ်လုပ်ထားပြီးတော့ သက်သက်လွတ်သမားတွေအတွက် အထူးသင့်တော်ပါတယ်။

MSG Free ဖြစ်ပြီး ဓာတုဗေဒပစ္စည်း လုံးဝမပါရှိတာကြောင့် သက်ကြီးရွယ်အိုများ ၊ ဆီးချိုဝေဒနာရှင်များ နှင့် ကင်ဆာရောဂါရှိသူများအတွက်လည်း အထူးသင့်လျော်ပါတယ်နော်။

Marutomo Dashi Bonito Dashi Powder ဟာဆိုရင်လည်း 350g နဲ့ 64g ဆိုပြီးထုတ်လုပ်ထားပြီးတော့ ဘိုနီတိုငါးဟင်းခတ်မှုန့်ဖြစ်ပြီး ဘယ်လိုဟင်းလျာမျိုးမှာမဆို ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။

ဂျပန်နိုင်ငံ၌နံပါတ်(၁)ရောင်းအားအကောင်းဆုံး ဟင်းခတ်မှုန့်ဖြစ်ပြီး သဘာ၀အတိုင်းပဲထုတ်လုပ်ထားတာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ဟင်းခတ်မှုန့်ကို ICT မှာ၀ယ်ယူရရှိနိုင်ပါပြီနော်။

Shop Here:

Leave a Reply

Your email address will not be published. Required fields are marked *