Mobile Accessories, News, Review

UGREEN Universal Phone Holder With Folding Long Arm (Black) LP142-50394 အကြောင်း

ညဘက်မှာ ဖုန်းနဲ့ရုပ်ရှင်ကြည့်ရင်း အိပ်ငိုက်လို့ မျက်နှာပေါ်ဖုန်းပြုတ်ကျတာမျိုးကြုံဖူးကြတယ်မဟုတ်လား၊ Admin ကတော့ ခဏခဏကြုံဖူးတော့ နောက်မဖြစ်ရလေအောင်ဆိုပြီးတော့ Gadget လေးတစ်ခုဆောင်ထားလိုက်တာ အခုတော့ အဆင်ပြေသွားပြီ။

အခုလက်ရှိမှာလည်း Promotion လျော့နေတယ်ဆိုတော့ အသုံးလည်းတည့် ဈေးလည်းလျော့ထားတော့ ၀ယ်ထားသင့်သွားပြီပေါ့။

ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင် ဆိုသလိုပဲ ICT ရဲ့ပရိတ်သတ်တွေကိုပါ Smartphone တွေကို တကယ် Smart ကျကျအသုံးပြုနိုင်ဖို့အတွက် ပစ္စည်းလေးတစ်ခုအကြောင်းမျှဝေပေးချင်ပါတယ်နော်။

UGREEN Universal Phone Holder With Folding Long Arm လေးဟာ Smartphone and Tablet တွေကို နေ့စဥ် အချိန်ကြာမြင့်စွာအသုံးချနေရတဲ့သူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Gadget လေးတစ်ခုပဲဖြစ်ပါတယ်။

UGREEN Universal Phone Holder ကို 4 လက်မ ကနေ 12.9 လက်မ အထိ မည်သည့် ဖုန်း တတ်ဘလတ်တွေနဲ့မဆိုတပ်ဆင်အသုံးပြနိုင်ပါတယ်၊ 26″ length အရှည်ရှိပြီးတော့ 360 degree အပြည့် လိုအပ်သလို adjust လုပ်ပြီးအသုံးပြူနိုင်တာမို့ ဖုန်းကို လက်မှာကိုင်ထားစရာမလိုတော့ပဲ စားပွဲပေါ်မှာ Smart ကျကျထိုင်ပြီးတော့ အလုပ်လုပ်မလား၊ သက်တောင့်သက်သာနေရာလေးမှာ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်တာ ဂိမ်းဆော့တာတွေလုပ်မလား အဆင်ပြေတယ်နော်။

Design ပိုင်းကို တပ်ဆင်ရလွယ်ကူအောင် Free installation အနေနဲ့တည်ဆောက်ထားပြီးတော့ Premium Aluminium Alloy နဲ့ ပြုလုပ်ပေးထားတာမို့ တောင့်တင်းခိုင်မာပြီး stability ပိုင်းအတွက်လည်း စိတ်ကျေနပ်မှုအပြည့်ဝရရှိစေမှာဖြစ်ပါတယ်။

Universal Phone Holder ဖြစ်တာမို့ Phone, Tablet မျိုးစုံအသုံးပြုနိုင်တဲ့အပြင် Amazon eBook Reader, Microsoft Surface နဲ့ Nintendo Game Switch တွေနဲ့ပါအသုံးပြုနိုင်တာမို့ Nintendo gamer တွေအတွက်လည်း အဆင်ပြေပါသေးတယ်ခင်ဗျ။

ကဲ ICT ပရိတ်သတ်ကြီးရေ Admin ကတော့ အားလပ်ချိန်တွေမှာ ရုပ်ရှင်ကြည့် ဂိမ်းဆော့ရင်းအနားယူဖို့အတွက် UGREEN Universal Phone Holder နဲ့အရမ်းကိုအဆင်ပြေနေပြီဗျ။

ပရိတ်သတ်ကြီးတို့ရော ဖုန်းကိုလက်နဲ့ကိုင်ထားပြီး ရုပ်ရှင်ကြည့်နေအုံးမှာလား?
Stay smart and Be cool with UGREEN! 😎

စိတ်ဝင်စားတယ်ဆိုရင် အောက်က Link ထဲမှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုပြီးတော့ အော်ဒါတင်လို့ရပါတယ်ခင်ဗျာ။
Shop here:

Leave a Reply

Your email address will not be published. Required fields are marked *