News

အင်တာနက် ဒိုမိန်းအမည်သစ်များစွာ ပေါ်ထွက်လာ

မကြာမီ အချိန်ကာလအတွင်း အင်တာနက်ပေါ်တွင် .comကဲ့သို့ လူသုံးများပြီး ဝက်ဘ်ဆိုက်၏ အမျိုးအစားကိုပါ ခွဲခြားဖော်ပြနိုင်မည့် ဒိုမိန်းအမည်ပေါင်း နှစ်ထောင်နီးပါးရှိလာလိမ့်မည်ဟု သိရသည်။ ထိုသို့ ဖောင်းပွလာရခြင်းမှာ .book၊ .catholicနှင့် .horseတို့ ကဲ့သို့သော အမျိုးအစားအလိုက် တူရာစု ဝက်ဘ်ဆိုက်များကို ခွဲခြားပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ကာလကပင် ထိပ်သီး ဒိုမိန်းအမည် အရေအတွက်မှာ ဆယ်ဂဏန်းပင် မပြည့်ခဲ့ဟု အသစ်ထွက်ပေါ်လာသည့် ဝက်ဘ်ဆိုက်များကို အမျိုးအစား ခွဲခြားရာတွင် ပါဝင်လုပ်ဆောင်ပေးနေသည့် အငယ်ဆုံး သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ခရိတ်ခ်ပက်ထရစ်ချ်က ဝါရှင်တန်ပို့စ် သတင်းစာကို မကြာသေးမီက ပြောကြားခဲ့ဖူးသည်ဟု ဆို၏။

ကမ္ဘာ့အသုံးအများဆုံး ဒိုမိန်းအမည်သည် .com မဖြစ်ပဲ Coporateကို ကိုယ်စားပြုသည့် .corဟု ဖြစ်လာလုနီးပါး ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၎င်းနောက်တွင်မှ .edu၊ .orgနှင့် .net စသည်တို့ ပေါ်လာခြင်း ဖြစ်သည်။ .comသည် ယခုအခါ ခေတ်ဟောင်း ဒိုမိန်းတစ်ခု ဖြစ်လာပြီး အင်တာနက် ဒိုမိန်းအမည် အပြောင်းအလဲ များများစားစား မြင်တွေ့ရဖွယ် ရှိသည်ဟု ဆိုသည်။

“လူတွေအနေနဲ့ သူတို့ရဲ့ Browserကနေတစ်ဆင့် ကမ္ဘာအသစ်စက်စက်ကြီး တစ်ခုကို မြင်တွေ့ရတော့မှာပါ”ဟု အင်တာနက် ဝက်ဘ်ဆိုက် အမည်များကို ကွပ်ကဲနေသည့် အဖွဲ့ဖြစ်သော ICANNမှ ဘရဒ်ဝိုက်က ပြောသည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *