News

ဗြိတိန် ဘုရင်မကြီးအိမ်တော်အတွင်း ဓါးဖြင့်၀င်ရန် ကြိုးပမ်းသူ ဖမ်းဆီးခံရ

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်(၂)နေထိုင်သော လန်ဒန်ရှိဘက်ကင်ဟမ် နန်းတော်အတွင်းသို့ ဓါးကိုင်ပြီး ၀င်ရန်ကြီးပမ်းသူ တစ်ဦးအား ရဲများကအောက်တိုဘာ ၁၄ရက်တွင််ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

လန်ဒန်မြို့ မြောက်ပိုင်းမှ အသက် ၄၄နှစ်အရွယ်ဒေးဗစ်ဘယ်မာ ကိုစကော့တလန်ယာဒ် ရဲအဖွဲ့က အောက်တိုဘာ ၁၅ရက်၌ လန်ဒန် အနောက်ပိုင်း ရာဇ၀တ်မှုဆိုင်ရာ တရားရုံးချုပ် သို့ပို့မည်ဟု ဆိုသည်။ ဒေးဗစ်ဘယ်မာ သည်ဘက်ကင်ဟမ် နန်းတော်၏ မြောက်ဘက်အလယ်ဂိတ် မှတစ်ဆင့်အတွင်း သို့၀င်ရောက်ရန် ကြိုးပမ်းစဉ် ရဲများကဖမ်းမိခဲ့ ခြင်းဖြစ်ပြီး ထိုအချိန်က ဘုရင်မ ကြီးသည်အိမ်တော်၌မရှိ ကြောင်းသိရသည်။

နံနက် ၁၁နာရီ ခွဲခန့်တွင်၄င်းကိုဖမ်းမိ ခဲ့ခြင်းဖြစ်ကြောင်း၊လုံခြုံရေးအရ တားမြစ်ထားသည့် နေရာသို့ ကျူးကျော် ၀င်ရောက်မှု အသွားထက်ပြီး ချွန်မြသောလက်နက် ကိုင်ဆောင်မှုတို့ ဖြင့်၄င်းကိုတရားစွဲထားကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။ ဗြိတိန် တော်၀င်မိသားစု နေထိုင်သည့် လန်ဒန်မြို့မှ ဘက်ကင်ဟမ်နန်းတော်တွင် လုံခြုံရေးဆိုင်ရာ ပြသနာများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။ စက်တင်ဘာ လအတွင်းက နန်းတော်၏ ၀င်းနံရံကိုကျော်တက် ပြီးအတွင်းသို့ ၀င်ရန်ကြိုးပမ်းခဲ့သည့် အမျိုးသားတစ်ဦး အားခိုးယူကျူး လွန်ရန်ကြိုး ပမ်းမှုဖြင့်ဖမ်းဆီးခဲ့ သည်။

ဖေဖေါ်ဝါရီလ အတွင်းကလည်း ဘက်ကင်ဟမ် နန်းတော်အပြင်ဘက်၌ ဓါးကြီးကိုင်ဆောင် ဝှေ့ယမ်းနေသူ တစ်ဦးကိုရဲများက ထုံကျဉ်စေသည့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။နန်းတော်အတွင်း သို့ အဆိုးရွားဆုံး ကျူးကျော်၀င်ရောက် ခံခဲ့ရသည် ဖြစ်စဉ်မှာ ၁၉၈၂ ခုနှစ်က ဖြစ်ပြီး အလုပ်လက်မဲ့ တစ်ဦးဖြစ်သူ မိုက်ကယ်ဖဂန်သည် နန်းတော်၀င်းနံရံ ကိုကျော်ကာ ရေပိုက်မှ တစ်ဆင့်ဘုရင်မကြီး၏ သီးသန့်အိပ်ခန်း အတွင်းသို့ ၀င်ရောက်ပြီး ၁၀မိနစ်ခန့် စကားပြောခဲ့ သည်ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *