News

မြန်မာနိုင်ငံ Telecom အတွက် ICT ရင်းနှီးမြှုပ်နှံသူများနှင့် ရှယ်ယာရှင်များ ဆွေးနွေးပွဲ

လာမယ့် အောက်တိုဘာ ၃ရက်နေ့နဲ့ ၄ရက်နေ့တွေမှာ “Telecom and IT Global Summit 2013” ကို ရန်ကုန်မြို့ Inya Lake Hotel၌ ကျင်းပမယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ လိုင်စင်ချ ပေးထားခြင်း ခံရတဲ့ Telenor နဲ့ Ooredoo ကုမ္ပဏီနှစ်ခု အပါအ၀င် မြန်မာပြည်ရဲ့ Telecommunication အကြောင်းတွေကို ဆွေးနွေး သွားမှာပါ။ Telecom အတွက် ကုမ္ပဏီနှစ်ခု ထက်ပိုပြီး လိုင်စင်တွေ ရရှိဖို့လည်း မျှော်မှန်း ထားပါတယ်။ ဒါမှသာ အပြိုင်အဆိုင်တွေနဲ့ တိုးတက်လာမှာ ဖြစ်ပါတယ်။

ICT နဲ့ Telecom နယ်ပယ် တွေမှာ မြန်မာပြည် တိုးတက်လာစေဖို့ အင်တာနက် ကွန်နက်ရှင်ကို ပိုမိုခိုင်မာ ကောင်းမွန်အောင် တည်ဆောက်ဖို့လည်း အရေးတကြီး လိုအပ်နေပါတယ်။ အဆိုပါ Summit မှာမြန်မာပြည်မှ IT ထိပ်တန်း ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေသာမက အာရှ၊ ဥရောပ၊မြောက်အမေရိက၊ သြစတြေးလျနဲ့ အရှေ့အလယ်ပိုင်းမှပညာရှင်၊ စီးပွားရေးသမားတွေပါ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ Telecom လုပ်ငန်းလုပ်ကိုင်ဖို့ လိုင်စင်တွေရရှိရေး၊ Telecom မှာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီး၀င်လာရေး၊ Marketing ဈေးကွက်ဖွင့်ပြီး ပရိသတ်ရရှိရေး စတဲ့ နယ်ပယ် အသီးသီးက ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ VIP အနေနဲ့တော့ ဆက်သွယ်ရေး၀န်ကြီးဋ္ဌာန၊ စီးပွားရေး၀န်ကြီးဋ္ဌာန၊ နိုင်ငံတော် သမ္မတရုံး၊ ရတနာပုံ တယ်လီပို့၊ Myanmar ICT Development Corporation, Yangon ICT Park စတဲ့ ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ICT ဆိုင်ရာပညာရှင်များ၊ ပုဂ္ဂိုလ်များကိုပါ အထူး ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *