News

LG က Plasma TV တွေဆက်ထုတ်မည်

Panasonic က Plasma TV တွေကိုထုတ်လုပ်မှုရပ်ဆိုင်းမယ်လို့ကြေညာခဲ့ပြီးပါပြီ။ ဒါပေမယ့် LG ကတော့ Plasma TV တွေကို ဆက်လက်ထုတ်လုပ်မှာဖြစ်တဲ့အတွက် Plasma TV မြတ်နိုးသူတွေအတွက် ၀မ်းသာစရာပါ။

Plasma TV တွေရဲ့ အားသာချက်တွေကတော့ LED တွေထက်ဈေးသက်သာတာပါ။နောက်ပြီး ရုပ်ထွက်နှုန်းတွေကလည်းမြန်ဆန်ပြီးကောင်းမွန်တဲ့အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် အားကစား နဲ့ ရုပ်ရှင် တွေကြည့်ရင်အထူးကောင်းမွန်ပါတယ်။

LG က OLED တွေကို ဆက်လက်ထုတ်လုပ်မှာဖြစ်သလို Plasma TV တွေထုတ်လုပ်မှုကိုလည်းရပ်နားမှာမဟုတ်ပါဘူး လို့ပြောဆိုပါတယ်။ LED နဲ့ OLED တွေဟာ အနာဂတ်ရဲ့  အိမ်တွင်း ရုပ်သံဖျော်ဖြေမှုတွေဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ထူးခြားဆန်းသစ်တဲ့ ရုပ်သံ အတွေ့အကြုံတွေကိုပေးစွမ်းနိုင်ပါတယ်။

Panasonic ကတော့ ဒီဇင်ဘာလက စပြီး   Plasma TV တွေထုတ်လုပ်မှုကိုစတင်ရပ်ဆိုင်းမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ မှာ ထုတ်လုပ်မှုကို အပြီးသတ် ရပ်နားမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *