News

ဘဏ်တိုးနှုန်း ပုံသေသတ်မှတ်ထားခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးစေ

ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုးနှုန်းကိုအပြောင်းအလဲမရှိ ပုံသေသတ်မှတ်ထားခြင်းသည် အခြေခံစီပွားရေး လုပ်ငန်းများသို့ ငွေကြေးစီဆင်းမှုခက်ခဲစေသဖြင့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးမှုကို အားနည်းစေကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည် ဟုသိရသည်။

ယင်းသို့ဘဏ်အတိုးနှုန်းများအားပုံ သေသတ်မှတ်ထားခြင်းကြောင့် ပြင်ပတွင်ပြန်လည်ငွေချေးခြင်း၊ သက်သာသည့် နေရာမှချေးငွေယူပြီး ဘဏ်တွင် ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ခြင်းကြောင့် ပြည်တွင်း ငွေကြေးလည်ပတ် စီဆင်းစေသည့် လုပ်ငန်းများ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေကြောင်း ရန်ကုန်စီပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခဦးမောင်မောင်စိုးက နို၀င်ဘာ ၃ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်ကျင်းပသော စီးပွားရေးပညာရှင်များစွာ ပါ၀င်သည့် စီပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စီးပွားရေး တက္ကသိုလ်ဘွဲ့ရများ အသင်းဥက္ကဌ ဦးတင်၀င်းအောင်ကလည်း ဘဏ်တိုးနှုန်း ဆိုတာတိုင်းပြည်၏ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အလျှော့အတင်းကစားပေးဖို့ လိုကြောင်း ပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *