Mobile, News

LG Optimus G Pro ကို အဆင့်မြှင့်ထားတဲ့ LG Gx ကို မိတ်ဆက်ရောင်းချ

LG က သူ့ရဲ့ LG G2 Smartphone ကို စတင်မိတ်ဆက်တုန်းက သူရဲ့ Brand Name ဖြစ်တဲ့ Optimus ဆိုတဲ့ နာမည်ကို ထည့်သွင်းမှု မပြုခဲ့ပါဘူး ။ အဲ့ဒီကစလို့ LG ရဲ့ နောက်ပိုင်းထွက်တဲ့ Smartphone တွေဖြစ်တဲ့ Vu Smartphone တွေမှာလည်း Optimus ဆိုတဲ့ Brand Name မပါခဲ့ပါဘူး ။ LG G Flex ကို မိတ်ဆက်ရောင်းချတုန်းကလည်း မပါ၀င်ခဲ့ပါဘူး ။ ယခုဆိုရင် LG ဟာ သူ့ရဲ့ အရွယ်အစားထုထည်ကြီးမားတဲ့ Smartphone တွေကို Brand Name အသစ်နဲ့ ပြောင်းလဲရောင်းချနေပါပြီ ။

ဒါကြောင့် LG ဟာ Optimus G Pro ရဲ့ အစားထိုးဖြစ်တဲ့ LG Gx ကို ထုတ်ဖော်ပြသခဲ့ပါတယ် ။LG G Pro ကတော့ ဒီနှစ်အစောပိုင်း World Mobile Congress အပြီးမှာ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ် ။

LG Gx ဟာ IPS Screen ကို အသုံးပြုထားပြီး ၊ မျက်နှာပြင်အကျယ်ကတော့ ၅.၅ လက်မရှိပြီး Resolution ကတော့ 1080P ဖြစ်ပါတယ် ။ LG ရဲ့ Optimus G Pro လိုပဲ LG Gx ဟာ သုံးစွဲသူတွေ လွယ်ကူစွာ ကိုင်တွယ် အသုံးပြုနိုင်ရန်အတွက် သူ့ရဲ့ ဖုန်းလက်ကိုင်ပတ်ပတ်လည်ရဲ့ အထူ ကို ပါးနေအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း အနေနဲ့ ကတော့ LG Gx နဲ့ Optimus G Pro ဟာ သိပ်ကွားခြားမှုမရှိပါဘူး ။

LG Gx ဟာ quad-core Snapdragon 600 Processor ကို အသုံးပြုထားတာဖြစ်ပါတယ် ။ RAM ကတော့ G Pro အတိုင်း 2GB ရှိပါတယ် ။ အနောက်ဘက် Camera ကတော့ 13 Mega Pixel ဖြစ်ပြီး အရှေ့ဘက် Camera ကတော့ 2.1 Mega Pixel ဖြစ်ပါတယ် ။ Battery ကတော့ 3140 mAh ကိုအသုံးပြုထားတာဖြစ်ပြီး Built-in Memaory ကတော့ 32GB ဖြစ်ပါတယ် ။ Gx ရဲ့ အရွယ်အစားကတော့ 150.6 x 76.1 x 9.2 mm ဖြစ်ပါတယ် ။ LG Gx ရဲ့ အလေးချိန်ကတော့ 167 Grams ဖြစ်ပါတယ် ။ ရရှိနိုင်တဲ့ Color တွေကတော့ အနက် နဲ့ အဖြူရောင် နှစ်မျိုး ရရှိနိုင်ပါတယ် ။ LG Gx ဟာ Android Jeally Beam ကိုအသုံးပြုလည်ပတ်မှာ ဖြစ်ပါတယ် ။ LG Gx နဲ့ LG Optimus G Pro တို့ အဓိက ကွာခြားတာကတော့ LG Gx မှာ 4G LTE ချိတ်ဆက်မှု ကို ထည့်သွင်းခဲ့ခြင်းပဲ ဖြစ်ပါတယ် ။ LG Gx ဟာ ယခုအချိန်မှာ ကိုရီးယားနိုင်ငံ တစ်ခုထဲမှာပဲ ရရှိနိုင်သေးတာဖြစ်ပါတယ် ။ နိုင်ငံတစ်ကာကိုတော့ ဘယ်အချိန်မှ ဖြန့်ချီရောင်းချမယ်ဆိုတာ မသိရသေးပါဘူး ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *