News

ကွေးကောက်မျက်နှာပြင် LG G Flex ဖုန်း ကို တရား၀င် ကြေညာ

LG က သူ့ရဲ့ ကွေးကောက်မျက်နှာပြင်ဖုန်းကို တရား၀င် ကြေညာလိုက်ပါပြီ။ ဒီဖုန်း ဟာ Smartphone ဈေးကွက်မှာ ထူးခြားဆန်းသစ်တဲ့ဖုန်းဖြစ်လာမယ်လို့ LG ကပြောဆိုခဲ့ဖူးပါတယ်။ Samsung ရဲ့ ကွေးကောက်မျက်နှာပြင် ဖုန်းဖြစ်တဲ့ Galaxy Round နဲ့ မတူတဲ့အချက်ကတော့ G Flex က ငှက်ပျောသီး ပုံစံမျိုး ဒေါင်လိုက်ကွေးကောက်တာဖြစ်ပါတယ်။ Galaxy Round ကတော့ ရေပြင်ညီ အလျားလိုက်ကွေးကောက်တာဖြစ်ပါတယ်။

Android 4.2.2 Jelly Bean ကို အသုံးပြုမောင်းနှင်မှာဖြစ်ပြီး ခြောက်လက်မ အရွယ်အစားရှိပါတယ်။ 720p Display , 2.26GHz quad-core Snapdragon 800 Processor , 2GB RAM,  13MP  အနောက် Camera, 2.1MP အရှေ့  Camera, 3500mAh Battery တို့ပါရှိပါတယ်။ အလေးချိန် ကတော့ 177g ဖြစ်ပြီး အထူက 7.9mm-8.7mm ဖြစ်ပါတယ်။ LG G2 လိုပဲ Volume Button ကို အနောက်မှာတပ်ဆင်ထားပါတယ်။

ထူးခြားချက်တစ်ခုကတော့ G Flex ရဲ့ အနောက်မျက်နှာပြင် ဟာ ခြစ်ရာတွေကိုပျောက်ကွယ်သွားအောင် အလိုလိုပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။ “Swing Lockscreen” ဆိုတဲ့  Feature အသစ်ပါရှိပါတယ်။ Multi-tasking ပြုလုပ်နိုင်ဖို့ Dual Window Mode လည်းပါရှိပါတယ်။

ကျွန်တော်တို့ ရည်မှန်းချက်က စွမ်းဆောင်ရည်မြင့်ပြီး ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းတွေ နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကိုမိတ်ဆက်ပြသရင်းနဲ့ Flexible Display ဈေးကွက်ကို အစောဆုံး၀င်ရောက်ဖို့ဖြစ်ပါတယ် လို့ LG ရဲ့  ဒုတိယ ဥက္ကဌ နဲ့ LG Display ရဲ့  အကြီးအကဲဖြစ်သူ  Dr. Sang Deog Yeo က ဒီလ အစောပိုင်းကပြောကြားခဲ့ပါတယ်။

ကွေးကောက်မျက်နှာပြင်ဟာ LG ကပြောထားသလို ဖုန်းပြောဆိုရာမှာပိုမိုကောင်းမွန်စေမလားဆိုတာစိတ်၀င်စားစရာဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ရောင်းချမယ့် ရက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ G Flex ဟာ အခုလောလောဆည်တော့ နာမူနာ ပစ္စည်းအဆင့်ပဲရှိသေးတယ်လို့ထင်ပါတယ်။ Korea မှာနေတဲ့သူတွေကတော့ နို၀င်ဘာလ မှာ G Flex ကို မြင်တွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *