News

iOS 7 Device တွေအတွက် Smartpen

နောက်ဆုံးပေါ် နည်းပညာတွေကြောင့် Smartpen တွေပေါ်လာပြီး Smartphone တွေမှာ စာတွေရေးသားနိုင်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သူတွေကတော့ ခဲတံ၊ ဘောပင် တွေကိုအသုံးပြုပြီး စာရွက်ပေါ်မှာပဲ စာရေးရတာကို ပိုနှစ်သက်ကြပါတယ်။ အဲဒီ သူတွေအတွက် စာရွက်ပေါ်မှာရေးသားလိုက်တဲ့စာတွေကို Smartphone ကို ကူးပြောင်းပေးမယ့် Livescribe 3 Smartpen ပေါ်ထွက်လာပါပြီ။

အဲဒီ Smartpen က အသုံးပြုသူ စာရွက်ပေါ်မှာရေးလိုက်တဲ့ သတင်းအချက်အလက် တွေကို မှတ်ထားပေးမှာဖြစ်ပါတယ်။ သတင်းအချက်အလက်တွေစုံလင် ပြီဆိုရင် iOS Device ကို Bluetooth ကနေတစ်ဆင့်ပို့ပေးနိုင်ပါတယ်။

iOS 7 မှာသုံးနိုင်ပြီး Smartpen ရဲ့  App ကို iOS Device မှာထည့်သွင်းထားဖို့လိုပါတယ်။ စာရွက်ပေါ်မှာရေးသားလိုက်တဲ့ သတင်းအချက်အလက်တွေကို iOS Device က App မှာပြပေးမှာပါ။

အားသွင်းဖို့ Micro USB ကြိုးပါရှိမှာဖြစ်ပြီး  Livescribe 3 ကို $149.95 နဲ့ ၀ယ်ယူနိုင်ပါတယ်။ Pro Edition လည်းရှိပြီး Leather အိတ်ခွံ၊ တစ်နှစ်စာ Evernote Premium တို့ပါရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *