Business, Lifestyle, News

ငွေကြေးသုံးမျိုး တစ်ကတ်တည်းသုံးနိုင်မည့် Visa ကတ် အသုံးပြုနိုင်တော့မည်

ငွေကြေးသုံးမျိုးကို ကတ်တစ်ခုတည်းတွင် ထည့်သွင်းကာ အဆင်ပြေသလိုသုံးစွဲနိုင်မည့် Multicurrency Travel Prepaid ကတ်များကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူ နိုင်ငံခြားသားများနှင့် နိုင်ငံတကာသို့ သွားရောက် သုံးစွဲလိုသူ မြန်မာနိုင်ငံသားများ စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ကမ်ဘာ့ ငွေပေးချေမှု နည်းပညာ ကုမ္ပဏီ Visa မှ သတင်းထုတ်ပြန်သည်။

ယူရိုငွေ၊ အမေရိကန် ဒေါ်လာနှင့် စင်ကာပူ ဒေါ်လာတို့ကို ကတ်တစ်ခုတည်းတွင် အသုံးပြုနိုင်မည့် ပထမဆုံးစနစ် ဖြစ်ကာ Visa အသုံးပြုနိုင်သည့် ကမ်ဘာတစ်၀န်းလုံးရှိ ဆိုင် ၁၀ သန်းနှင့် Visa လက်ခံသော ATM ကောင်တာ နှစ်သန်းတို့၌ ငွေထုတ်ယူနိုင်ကြောင်း သိရှိရသည်။
Visa အနေနဲ့ မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ယခု အစီအစဉ်အတွက် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်ကြသူ နိုင်ငံခြားသားများအနေနှင့် ငွေနှင့် ခရီးသွားချက်လက်မှတ် သယ်ဆောင်ခြင်းထက် ကတ်စနစ်သုံးခြင်းမှာ ပိုမို အဆင်ပြေနိုင်ကြောင်း စစ်တမ်းများအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း Visa မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနှင့် ထိုင်းနိုင်ငံရှိ ဌာနေကိုယ်စားလှယ် Mr. Somboon Krobteeranon က “ မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ညှိနှိုင်းမှုတွေကြောင့် ရလာခဲ့တဲ့ ရလာဒ်တစ်ခုဖြစ်ပါတယ်။ Visa ကတ်ကို အသုံးပြုပြီး ငွေကြေးသုံးမျိုးစလုံး အဆင်သင့်သလို သုံးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါအပြင် Visa က အခြားသော ငွေပေးချေစနစ်အသစ်တွေ ကိုလည်း ထပ်ပြီး မိတ်ဆက်ပေးသွားမယ်” ဟု ပြောကြားသည်။

အဆိုပါ Multicurrency Travel Prepaid ကတ်ကို အသုံးပြုခြင်းဖြင့် ပြည်တွင်း ၀င်ရောက်သူ သို့မဟုတ် ပြည်ပ ထွက်ခွာလိုသူများ အတွက် မိမိ သယ်ယူသွားလိုသည့် ငွေကြေးပမာဏ၏ ဈေးနှှုန်း အတက်အကျကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး  ငွေကြေး သုံးမျိုးအနက်မှ အဆင်ပြေရာ ရွေးချယ်အသုံးပြုနိုင်ခြင်းရှိကာ တစ်ကတ်လျှင် ကန်ဒေါ်လာ ၅၀၀၀ အထိ ထည့်သွင်း နိုင်ခြင်း ငွေပြန်ဖြည့်နိုင်ခြင်း အပြင် PIN စနစ်၊ Chip စနစ် အသုံးပြုထားရာ Chip စနစ်ဖြင့် ၀ယ်ယူ ပေးချေ မှှုများ၊ PIN စနစ်ဖြင့် ATM မှ ငွေထုတ်ခြင်းများဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိ၏ငွေ သုံးစွဲမှှု အချက်အလက်တို့ကို Visa ၏ အွန်လိုင်းတွင် ၀င်ရောက် စစ်ဆေးနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

Visa ငွေ ပေးချေမှုစနစ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံတွင် စတင် အသုံးပြုခဲ့ပြီး Visa ကတ် အသုံးပြုရန် ငွေကြေး စီးဆင်းမှု မှာ အမေရိကန် ဒေါ်လာ ၁၅ သန်းရှိနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံတွင် Visa ကတ်ကိုင်ဆောင်သူများသည် ATM ၂၅၀ ကျော်တွင် ငွေထုတ်ယူနိုင်ပြီ ဖြစ်ကာ နိုင်ငံအတွင်းရှိ ဆိုင်ပေါင်း ၆၀၀ ကျော်တွင် ငွေပေးချေနိုင်ပြီဖြစ်ကြောင်း Visa မှ တာ၀န်ရှိသူက အတည်ပြုပြောကြားသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “ငွေကြေးသုံးမျိုး တစ်ကတ်တည်းသုံးနိုင်မည့် Visa ကတ် အသုံးပြုနိုင်တော့မည်

  1. စောင့်ရတာကြာပီ မြန်ပါစေပဲဆုတောင်းရမှာပဲ

Leave a Reply

Your email address will not be published. Required fields are marked *