News

LG မှ Fan 20,000 ပြည့် အထိမ်းအမှတ် အဖြစ် ကျေးဇူးတုန့်ပြန်သည့် အစီအစဉ်

LG Loves Myanmar ဆိုသည့် Facebook Fan Pageကို တည်ထောင်ခဲ့သည်မှာ ယခုဆိုရင် ပရိသတ် ၂၀,၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် LGမှ ပရိသတ်များကို ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် အစီအစဉ်တစ်ခု ပြုလုပ်လိုက်ကြောင်း သိရပါသည်။ အဆိုပါ အစီအစဉ်မှာ LGမှ လက်ရှိထုတ်လုပ်ထားသည့် စမတ်ဖုန်း Optimus G Pro ကို အထူးအစီအစဉ်များဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာ ၂ရက်နေ့မှ ၇ရက်နေ့အထိ Optimus G Proကို အော်ဒါမှာ ၀ယ်ယူသူတိုင်းအား ၅၇၉,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမည် ဖြစ်သည့်အပြင် ဖုန်း၀ယ်ယူသူတိုင်း ကိုလည်း ငွေကျပ် ငါးသောင်းတန် Cover တစ်ခု လက်ဆောင်ထည့်ပေး သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါ နေ့ရက်များတွင် ၀ယ်ယူသူများထဲမှ ၃ယောက်ကို မဲဖောက်ရွေးချယ်ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့  အသွား/အပြန် လေယာဉ်လက်မှတ် ပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။ သို့သော် ၀င်ရောက်ပါ၀င် ကံစမ်းလို သူသည် LG Loves Myanmar Facebook Fan ဖြစ်ရပါမည်။ အကယ်၍ ကံထူးပြီး မဲပေါက်သည့် လူအနေဖြင့် နိုင်ငံခြားသို့ မသွားရောက်လိုပါကလည်း LG အနေဖြင့် မြန်မာပြည်တွင်း ခရီးစဉ်အဖြစ် အဆင်ပြေအောင် ပြောင်းလဲစီစဉ် ပေးသွားမည် ဖြစ်ပါသည်။ စိတ်၀င်စားသူများ အနေဖြင့် LG Loves Myanmar Facebook Pgaeကို Message ပေးပို့ကာ ဆက်သွယ်မှာယူနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *